Beauty & Fashion: အိမ်တွင်းမှာပန်းအလှဆင်နိုင်မယ့် နည်းလမ်းကောင်း (၅) ခု

ကိုယ့်ပတ်ဝန်းကျင်က ပန်းတွေဟာ စိတ်ကိုကြည်လင်လန်းဆန်းစေနိုင်လို့ စိတ်ကူးသစ်တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

play

 

ပန်းပွင့်တွေဟာ အရောင်အမျိုးမျိုး၊ ရနံ့အဖုံဖုံရှိကြတဲ့အပြင် လှပတဲ့အဆင်းကြောင့် အိမ်တွင်းမှာလန်းဆန်းမှုကို ခံစားရစေမှာပါ။ လွယ်ကူတဲ့အိမ်တွင်းပန်းအလှဆင်နည်းတွေကို Duwun က မျှဝေလိုက်ပါတယ်။

play

 

၁။ ပန်းပွင့်ရဲ့ရိုးတံကို ဖြတ်တဲ့အခါ အောက်ခြေနဲ့ တစ်လက်မအကွာကနေ ၄၅ ဒီဂရီ ခပ်စောင်းစောင်းဖြတ်ရပါမယ်။ ဒီလိုဖြတ်တောက်ခြင်းက ရိုးတံကနေ ရေစုပ်နိုင်တဲ့မျက်နှာပြင်ပမာဏ ပိုများလာလို့ ပန်းပွင့်ကို ပိုပြီးလန်းဆန်းစေပါလိမ့်မယ်။ လွယ်လွယ်နဲ့မညှိုးနွမ်းတော့ဘူးပေါ့။

play

 

၂။ ပန်းဖူးတွေကို ပွင့်စေချင်တယ်ဆိုရင်တော့ ရေနွေးနွေးလေးမှာ ပန်းပွင့်ရဲ့ရိုးတံကို တစ်မိနစ်ခန့်နှစ်လိုက်ပါ။ ပြီးမှ ရေအေးအေးမှာ မိနစ် ၂၀ ခန့် ထပ်နှစ်ပေးလိုက်ရင် ပန်းဖူးတွေမြန်မြန်ဆန်ဆန်ပွင့်လာပါလိမ့်မယ်။

play

 

၃။ ပန်းအိုးမထိုးခင်မှာ အိုးထဲကို ဗော့ဒ်ကာအရက်နဲ့ သကြားဖြူ လက်ဖက်စားဇွန်း ၁ ဇွန်း ထည့်ပါ။ ရေဖြည့်ပါ။ ပြီးမှ ပန်းပွင့်တွေကိုစိုက်ထိုးပါ။ တကယ်လို့ ပန်းပွင့်တွေ မလန်းတော့ရင် ဗော့ဒ်ကာနည်းနည်းထပ်ထည့်လို့ရပါသေးတယ်။ ဗော့ဒ်ကာက ပန်းပွင့်ရိုးတံကို တောင့်မတ်စေပါတယ်။

play

 

၎။ သစ်ခွပင်တွေကို ရေလောင်းမယ့်အစား ရေခဲတုံးလေး တစ်တုံးလောက်သာ ထည့်ထားပါ။ အပင်ကြီးရင်တော့ နှစ်တုံးပေါ့။ ဒါဆိုရင် သစ်ခွပင်အတွက် တစ်ပတ်စာ ရေလုံလောက်သွားပါပြီ။ ရေများရင် အပင်သေသွားနိုင်ပါတယ်။ ရေခဲတုံးက ရေဖြည်းဖြည်းချင်း ပျော်လာတဲ့အခါ အပင်က အလိုလိုစုပ်ယူသွားပါလိမ့်မယ်။

play

 

၅။ အမျိုးသားတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ (အခန်းမှာ) ပန်းအိုးထိုးထားချင်ရင်တော့ အရောင်ရင့်တဲ့ပန်းပွင့်နဲ့ အလှဆင်အပင်တွေကို ရောပြီး ပန်းအိုးထိုးနိုင်ပါတယ်။ အညိုရင့်ရောင်၊ အနက်ရောင်၊ ကြက်သွေးရောင်ရှိတဲ့ ပန်းတွေကို အခြား အလှဆင် အရွက်အခက်တွေနဲ့ မွမ်းမံလိုက်ရင်လည်း ရပါတယ်။

Source : Bazaar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ