Beauty & Fashion: ဆံပင်ရေသုတ်တဲ့ပုံစံ မှားယွင်းပါက ဆံပင်ကျွတ်နိုင်

ဆံပင်ကို တဘက်စောင်နဲ့ ပွတ်ပြီး ရေသုတ်တာ မှားယွင်းတယ်လို့ ဆိုပါတယ်။

play

 

ခေါင်းလျှော်ပြီးတဲ့နောက် ဆံပင်ကို တဘက်စောင်နဲ့ ပွတ်တိုက်ပြီး ရေသုတ်တာဟာ  ဆံပင်ကျွတ်စေနိုင်တယ်လို့ အရေးပြားရောဂါပညာရှင်များက ဆိုပါတယ်။

ဟော်မုန်းပြောင်းလဲမှုနဲ့ စိတ်ဖိစီးမှုတို့ကြောင့် ဆံပင်ကျွတ်စေနိုင်သလို ဆံပင်ရေသုတ်ပုံ မှားယွင်းမှုကလည်း ဆံပင်ကျွတ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

play

 

"ဆံပင်က ရေဆိုနေချိန်မှာ ပိုပြီး ထိခိုက်လွယ်တယ်။ ဒါကြောင့် စိုနေတဲ့ဆံပင်ကို တဘက်နဲ့ သုတ်တာက ခြောက်နေချိန်မှာ သုတ်တာထက် ပိုပြီး ထိခိုက်လွယ်ပါတယ်" လို့ အရေပြားရောဂါပညာရှင် Van-Gorken က ပြောပါတယ်။

ဒါပေမဲ့ ကြောက်စရာမလိုပါဘူး။ ဆံပင်သုတ်တဲ့ပုံစံ ပြောင်းလိုက်ရုံပါပဲ။

ဆံပင်ကို တဘက်စောင်နဲ့ ပွတ်မယ့်အစား ပုတ်ပုတ်ပြီး ဆံပင်ခြောက်အောင် လုပ်လို့ရပါတယ်။

အမျိုသားတွေအတွက်ဆိုရင် နှစ်မိနစ်အတွင်း ဆံပင်ခြောက်နိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ