Beauty & Fashion: တစ်ပတ်အတွင်း ဗိုက်အဆီကျနည်း

သေချာအာရုံစိုက်ပြီး ဇွဲလုံလရှိရှိနဲ့ ပြုလုပ်မယ်ဆိုရင် ဗိုက်ချပ်ပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

play

 

အာဟာရနဲ့ ခန္ဓာကိုယ်ကြံခိုင်ရေး လေ့ကျင့်ပေးသူတွေ ပြောပြပေးတဲ့ တစ်ပတ်အတွင်း ဗိုက်အဆီကျနိုင်မယ့် ထိရောက်တဲ့နည်းလမ်းရှိတဲ့အတွက် အချိန်တိုအတွင်းမှာ သင့်ပုံစံကို ပြောင်းလဲနိုင်ပါပြီ။

မိုးလင်းကနေ မိုးချုပ်တဲ့အထိ ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် သင့်ရဲ့ခါးအရွယ်အစားကျဆင်းပါလိမ့်မယ်။

၁။ မနက်အိပ်ရာထတာနဲ့ လီမွန်ရည်တစ်ခွက်သောက်ပါ။

play

 

လီမွန်သီးတစ်လုံးကို ရေနွေးနွေးထဲကို ညှစ်ချပြီး လီမွန်ရည်ဖျော်ကို ဖျော်ရပါမယ်။

၂။ ရေဓာတ်အမြဲဖြည့်တင်းပါ

play

 

တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်ပါ။ ရေကို ဒီအတိုင်းမသောက်ချင်ရင် ရေထဲကို လီမွန်၊ သခွားနဲ့ ပူစီနံထည့်ပြီး သောက်သုံးနိုင်ပါတယ်။

ရေ ၁၂ ခွက်ထည့်ထားတဲ့ ဗူးထဲကို လီမွန် ၂ ချပ် သုံးချပ်၊ သခွားသီး ခပ်လတ်လတ်တစ်လုံးကို ပူစီနံ ၁၀ ရွက်ထည့်ပြီး မွှေပါ။ မသောက်ခင် ရေခဲသတ္တာထဲမှာ ၄ နာရီထည့်ထားပါ။

၃။ တက်တက်ကြွကြွနေပြီး လေကောင်းလေသန့်ရှူပါ

play

 

မနက်ခင်းမှာ နာရီဝက်ကနေ တစ်နာရီအကြာ ဖွဖွပြေးခြင်း ဒါမှမဟုတ် လမ်းလျှောက်ခြင်းဟာ သင့်စိတ်ကို လန်းဆန်းစေပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့အတွက် အနည်းဆုံး တစ်နေ့ကို ခြေလှမ်းပေါင်း တစ်သောင်း ရှိဖို့လိုပါတယ်။

၎။ ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း လုပ်ပါ

play

 

အိပ်ထမတင်လေ့ကျင့်ခန်းကို ပင်ပန်းသည်အထိ လုပ်ပါ။ ပထမ ရက်မှာ  အခါ ၂၀ ဒုတိယရက်မှာ အခါ ၃၀ စသဖြင့် တစ်ရက် ၁၀ ကြိမ် တိုးတိုးလုပ်ပြီး အများဆုံး အခါ ၆၀ အထိ လုပ်နိုင်ပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားပါ

play

 

အာလူးကြော်လိုမျိုး အကြော်စာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့လိုပါတယ်။ အသီးအရွက်နဲ့ ငါးကို များများစားပေးပါ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ