Beauty & Fashion: အဝတ်အစားဝတ်ပုံနဲ့ ပက်သက်ပြီး အမျိုးသားတွေ အမြဲလုပ်တတ်တဲ့ အမှား (၈) ခု

တိုတိုပွပွနဲ့ ဘေးနှစ်ဖက်မှာ အိပ်ကပ်ကြီးကြီးပါတဲ့ ဘောင်းဘီတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ခေတ်စားခဲ့တာပါ။

 

၁ - စာသား

နားမလည်တဲ့စာသားနဲ့ တီရှပ်တွေကို မဝတ်သင့်ပါဘူး။ တစ်ချို့စာသားတွေက လူရယ်ချင်စရာကြီးပါ။ လူရယ်တာခံချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။

၂ - ဖိနပ်

ရှုးဖိနပ်အတိုကို ခြေအိပ်အရှည်နဲ့ ဝတ်တာကလည်း ကြည့်မကောင်းပါဘူး။

၃ -  ဂျာစီ

 

ဆယ်ကျော်သက်အရွယ်လောက်ကို ကျော်ခဲ့ပြီဆိုရင် ဘောလုံးအသင်းဂျာစီကြီး အမြဲတမ်းဝတ်ပြီး နေတာမျိုး မလုပ်သင့်တော့ပါဘူး။ လေ့ကျင့်ခန်းလုပ်ဖို့၊ ဘောလုံးကန်ဖို့ နဲ့ ကိုယ်ကြိုက်တဲ့ အသင်းကို အားပေးဖို့ မျိုးကလွဲပြီး ဂျာစီကြီးကို မဝတ်သင့်တော့ပါဘူး။

၎ - အပွင့်ဘောင်းဘီ

 

ရေကူးမှာမျိုး၊ ကမ်းခြေမှာနေတာမျိုး မဟုတ်ဘဲနဲ့ အပွင့်ဒီဇိုင်းနဲ့ ဘောင်းဘီတိုတွေကိုလည်း မဝတ်သင့်ပါဘူး။ သင့်လျော်တဲ့နေရာမဟုတ်ရင်  ယောကျာ်းတစ်ယောက်အတွက် ဘယ်လိုမှကို မလိုက်ဖက်ပါဘူး။

၅ - တိုတိုပွပွ

တိုတိုပွပွနဲ့ ဘေးနှစ်ဖက်မှာ အိပ်ကပ်ကြီးကြီးပါတဲ့ ဘောင်းဘီတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ခေတ်စားခဲ့တာပါ။ ဒီနေ့ခေတ်မှာတော့ စွန့်လွှတ်လိုက်သင့်ပါပြီ။ အထူးသဖြင့် သင့်ခြေသလုံးတွေက ပိန်တယ်ဆိုရင် ဘယ်လိုမှ ကြည့်လို့မကောင်းတော့ပါဘူး။

၆ - အားကစားမျက်မှန်

 

အားကစားသမားတွေတပ်တဲ့ နေကာမျက်မှန်ကြီးတပ်တာဟာ တကယ့်ကို ကြောင်တောင်တောင်နိုင်ပါတယ်။

၇ - ဗွီလည်ပင်း

 

ခန္ဓာကိုယ်ကို အကြီးအကျယ်ကစားပြီး ဘယ်လောက်ပဲ လှနေပါစေ ဗွီပုံလည်ပင်းပေါက်ကြီး အရမ်းကျယ်နေတာက ပြချင်မှန်းသိသာနေပါတယ်။  လိုက်လည်း မလိုက်ပါဘူး။

၈ - ဆွဲကြိုးကြီး

 

ဆယ်လီတစ်ယောက် မဟုတ်ရင် ဒီလို ဆွဲကြိုးကြီးကို အမြဲလူမြင်အောင် ဆွဲထားဖို့ဟာ တော်တော်စဉ်းစားရမယ့်ကိစ္စပါ။  ရွှေဆွဲကြိုးကို အပြင်ထုတ်ဆွဲတာကလည်း မလုပ်သင့်ပါဘူး။

Photos & Source: College Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ