Beauty & Fashion: လက်သည်းနီပုံဖော်ရာမှာ အသုံးပြုနိုင်မယ့် ရိုးရှင်းတဲ့အရာဝတ္ထု (၃) ခု

ကိုယ့်ရဲ့လက်သည်းလေးတွေကို ကိုယ်တိုင်ပုံဖော်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ငွေမကုန်ခံစရာမလိုဘဲ စတင်နိုင်ပါတယ်။

play

 

လက်သည်းတွေကို အရောင်တစ်မျိုးတည်း ရှင်းရှင်းလင်းလင်းမထားချင်သူတွေအတွက် ကိုယ်တိုင်ပုံဖော်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒါလေးတွေနဲ့စတင်ကြည့်ပါ။

play

 

၁။ ဆံပင်ညှပ်ကလစ်

ဆံထုံးထုံးရင်သုံးတဲ့ အနက်ရောင်ညှပ်ကလစ်လေးတွေနဲ့ လက်သည်းအလှဖော်မယ်ဆိုရင် ဖုလုံးလေးတွေပါတဲ့နေရာကို လက်သည်းနီပုလင်းထဲစိမ်ကာ အစက်အပြောက်လေးတွေ ချနိုင်ပါတယ်။

play

 

၂။ စုတ်တံ

ပန်းချီဆွဲတဲ့ စုတ်တံငယ်လေးတွေကတော့ အတော်အသုံးတည့်ပါတယ်။ ဟိုခြစ် ဒီခြစ်နဲ့ ပုံဖော်ရင်တောင် သစ်ကိုင်းသစ်ခက်တွေလိုမျိုးတော့ ဖြစ်လာရောလေ။ မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ် အမျိုးမျိုးကိုလည်း သုံးနိုင်ပါသေးတယ်။

play

 

၃။ သွားကြားထိုးတံ

သွားကြားထိုးတံကို အသုံးပြုပြီး လက်သည်းပေါ်မှာ အစက်အပြောက် ဒီဇိုင်းစုံ ဖန်တီးကြည့်ပါဦး။

play

စုတ်တံတစ်ချောင်းနဲ့ ပုံထဲကလို စမ်းပြီးလုပ်ကြည့်နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ