Beauty & Fashion: ချောမွေ့လှပတဲ့ ဖနောင့်လေး ဖြစ်ချင်တယ်ဆိုရင်

ဖနောင့်လှဖို့ အတွက် ပုံမှန်လုပ်ပေးသင့်ပါတယ်။

play

 

၁ - အုန်းဆီ

အုန်းဆီနဲ့ မနက်တစ်ခါ၊ ညတစ်ခါ ပုံမှန်နှိပ်ပေးပါ။ ဖနောင့်ကြားထဲက ဘက်တီးရီးယားနဲ့ မှိုတွေကိုလည်း သေစေပါတယ်။

၂ - ပျားရည်

ရိုးရှင်းပြီး အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ရေနွေးနွေးထဲမှာ ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် စိမ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေနွေးထဲမှာ ပျားရည်ကိုလည်း ရောထားပေးရပါမယ်။ အလုပ်ကပြန်လာတဲ့ အချိန်မျိုး လုပ်ရင် ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပြေပျောက်စေပါတယ်။

၃ - နှမ်းဆီ

နှမ်းဆီနဲ့ ညတိုင်းနှိပ်နယ်ပေးရင်  ပိုးသားလို ချောမွေ့တဲ့ ဖနောင့်လေးရလာမှာ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ