Beauty & Fashion: မိန်းကလေးတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ နှုတ်ခမ်းနီ (၅) မျိုး

အမျိုးသမီးရဲ့ ဆွဲဆောင်မှုအရှိဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ နှုတ်ခမ်းတစ်စုံကလည်း ပါဝင်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ နှုတ်ခမ်းနီကပဲ ကိုယ့်ရဲ့အလှအပကို ပုံစံအမျိုးမျိုးပြောင်းသွားစေတာ အသေအချာပါပဲ။ နှုတ်ခမ်းနီတွေအများကြီးမဝယ်ချင်ဘူးဆိုရင် ဒီ ၆ မျိုးလောက်ပဲ ဝယ်ထားရုံနဲ့ အဆင်မှာသေချာပါတယ်။

play

 

၁။ အနီ

အနီရောင်ထက်ပိုပြီး ဆက်စီကျတဲ့ ဘာမှမရှိပါဘူး။ မျက်နှာကို ပေါ်လွင်ထင်ရှားစေပြီး လန်းဆန်းတဲ့အသွင် ချက်ခြင်းပေါ်လာစေတဲ့အနီရောင်က မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အနီရောင်ထဲမှာမှ ချယ်ရီနီရောင်၊ ဝိုင်နီရောင် စဖြင့် အမျိုးမျိုးရှိလို့ ကိုယ်နဲ့လိုက်မယ့်အရောင် တစ်ခုလောက်တော့ ဝယ်ထားပါ။

play

 

၂။ Matte

လတ်တလောရေပန်းစားနေတာကတော့ ထူထဲသိပ်သည်းတဲ့ Matte အမျိုးအစား နှုတ်ခမ်းနီတွေပါပဲ။ သူတို့က နှုတ်ခမ်းကို ပိုပြီးထူထဲပြည့်ဖောင်းသယောင် ဖြစ်လာစေလို့ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့အသွင် ပေါ်လွင်စေပါလိမ့်မယ်။

play

 

၃။ အသားရောင်

အသားရောင်ခပ်ဖျော့ဖျော့ နှုတ်ခမ်းနီကလည်း မျက်နှာကို လင်းလက်စေပါတယ်။ မျက်နှာအသားအရောင်ဖြစ်စေ မိတ်ကပ်ဖြစ်စေ မညီမညာဖြစ်နေတာတွေဟာ အသားရောင်နှုတ်ခမ်းနီကြောင့် သိသာတော့မှာမဟုတ်ပါဘူး။

play

 

၎။ ပန်းရောင်

လင်းလက်နုပျိုတဲ့ မျက်နှာကို ပိုင်ဆိုင်ချင်ရင်တော့ ပန်းရောင်နှုတ်ခမ်းနီကိုရွေးပါ။ လန်းဆန်းတက်ကြွတဲ့အသွင်ကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။

play

 

၅။ ဘယ်ရီရောင်ရင့်ရင့်

ဒီလိုအရောင်မျိုးတွေကတော့ စူးရှပြင်းထန်တဲ့ ဆွဲဆောင်အားကို ဖြစ်ပေါ်လာစေပါတယ်။ ညဘက်ပွဲတက်တာမျိုးနဲ့ ကိုယ့်ရဲ့အလှကို ရဲရဲဝံ့ဝံ့ ထုတ်ပြဖို့အတွက် ဘယ်ရီရောင်ရင့်ရင့်နှုတ်ခမ်းနီရောင်က အကောင်းဆုံးပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ