Beauty & Fashion: စူပါမော်ဒယ်တွေ ပြောပြတဲ့ အကုန်အကျနည်းပြီး လွယ်ကူတဲ့ အလှအပလျှို့ဝှက်ချက်များ

ကမ္ဘာကျော် Victoria's Secret မော်ဒယ်တွေပြောပြတဲ့ အလှအပဆိုင်ရာလျှို့ဝှက်ချက်တွေ ဖြစ်ပါတယ်။

play

 

စူပါမော်ဒယ်တွေဖြစ်တဲ့ ဂျော်ဒန်ဒန်း၊ ဂျော်ဂျီရာမေဂျက်ဂါ၊ ဟေဒီကလမ်းနဲ့ အမ်ဒရီရာနာလိုင်မာတို့ ပြောပြခဲ့တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေပါ။

၁။ ဂျော်ဒန်ဒန်းရဲ့ မျက်လုံးအလှအတွက် လျှို့ဝှက်ချက်

play

 

အသက် ၂၆ နှစ်အရွယ် ဗြိတိန်စူပါမော်ဒယ် ဂျော်ဒန်ဒန်း ပြောပြတာက ပြည့်စုံလှပတဲ့ သူမရဲ့မျက်လုံးလေးတွေရဲ့ လျှို့ဝှက်ချက်ပါ။

"မျက်တောင်ကော့ဆေး သုံးချိန်မှာ မျက်တောင်တွေနောက်မှာ ခရက်ဒစ်ကတ်တစ်ကပ်နဲ့ ကာထားပါ။ မျက်ခွံပေါ်ကို ဆေးရည်တွေ မပေဘဲ မျက်တောင်လေတွေ ကော့သွားပါလိမ့်မယ်" လို့ သူမက အကြံပြုခဲ့ပါတယ်။

၂။ ဂျော်ဂျီရာမေရဲ့ နှုတ်ခမ်းအလှ လျှို့ဝှက်ချက်

play

 

အသက် ၂၄ နှစ်အရွယ် ဂျော်ဂျီရာမေဂျက်ဂါကတော့ ဖူးရွလှပတဲ့ သူမရဲ့ နှုတ်ခမ်းသားလေးတွေ လှနေရခြင်းရဲ့ အကြောင်းရင်းကို ဝေမျှခဲ့ပါတယ်။

"နှုတ်ခမ်းအနားစပ်တွေမှာ လိုင်နာလေးဆွဲပါ။ ပြီးရင်တော့ အပေါ်ကနေ ပေါင်ဒါလေး ရိုက်လိုက်မယ်ဆိုရင် လိုင်နာတွေကို မမြင်ရဘဲ နှုတ်ခမ်းက ဖူးဖူးလေး ဖြစ်သွားပါလိမ့်မယ်" လို့ ဆိုပါတယ်။

၃။ ဟေဒီကလမ်းရဲ့ အမြဲလှပစေမယ့် နည်းလမ်း

play

 

ကမ္ဘာ့အအောင်မြင်ဆုံး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ဟေဒီကလမ်းပြောပြတာကတော့ "ကျွန်မ ပွဲတွေသွားတိုင်း ပေါင်ဒါဘူးလေးနဲ့ အဆီစုပ်စက္ကူယူသါားတယ်။ ချွေးထွက်လာရင် မျက်နှာကို အဆီစုပ်စက္ကူနဲ့ သုတ်တယ်။ ပြီးရင် ဘရက်ခ်ျလေးနဲ့ ပေါင်ဒါရိုက်လိုက်တယ်" တဲ့။

၎။ အမ်ဒရီရာနာလိုင်မာရဲ့ ဆံပင်အလှအတွက် လျှို့ဝှက်ချက်

play

 

"ခြောက်သွေ့တဲ့ဆံပင်ရှိရင် နေ့တိုင်း ခေါင်းမလျှော်နဲ့။ အရမ်းအရမ်းခြောက်လွန်းရင် တစ်ပတ်မှ တစ်ကြိမ်ပဲ လျှော်ပါ။ ခေါင်းမှာ အဆီရှိမှ ဆံပင်က ပိုကြည့်ကောင်းတာ။ ကိုယ့်ဆံပင်အတွက် ကောင်းတဲ့ရာကိုပဲ လုပ်ရမယ်" လို့ ဘရာဇီးမော်ဒယ် အမ်ဒရီရာနာက ပြောပြပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ