Beauty & Fashion: တစ်သက်မှာတစ်ကြိမ်သာ ဆံပင်ညှပ်တဲ့ လူမျိုးစု

Rapunzel ကာတွန်းထဲကလို ဆံပင်အရှည်ကြီ်းတွေနဲ့ပေါ့။

 

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဂေါင်စီပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ ဆံပင်အရှည်ကြီးတွေကို ပိုင်ဆိုင်ထားကြတဲ့ အမျိုးသမီးတွေ နေထိုင်ကြပါတယ်။ သူတို့ဟာ အိမ်ထောင်မပြုမီမှာ တစ်ကြိမ်သာ ဆံပင်ကိုညှပ်ခဲ့ကြပြီး တစ်သက်လုံး ဆံပင်အရှည်ထားကြသူတွေပါ။

 

ဟွမ်းလူဆိုတဲ့ရွာလေးက အမျိုးသမီးတွေတိုင်းဟာ အနည်းဆုံး ၃ ပေ ရှည်လျားတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဆံပင်တွေကလည်း နက်မှောင်သန်စွမ်းပြီး ထူထဲတာကို တွေ့ရပါတယ်။ သူတို့ကတော့ ဒီလိုမျိုး နက်မှောင်တောက်ပတဲ့ဆံပင်တွေရတာ အနီးနားကမြစ်ရေနဲ့ဆန်ကိုရေးပြီးလိမ်းတာကြောင့်လို့ ယုံကြည်ကြပါတယ်။

 

လူ ၄၀၀ လောက်ရှိတဲ့ ရွာလေးမှာ အမျိုးသမီးပေါင်း ၆၀ လောက်က သူမတို့ရဲ့အရပ်ထက် ပိုမိုရှည်လျားတဲ့ဆံပင်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ဆံပင်ဆိုရင် ၇ ပေတောင် ရှည်လျားပါတယ်။

 

သူတို့က အနီရောင်များများပါတဲ့ ရိုးရာအဝတ်အထည်ကိုသာ ဝတ်ဆင်ကြပြီး ရှေးအမွေအနှစ်ကို လက်ဆင့်ကမ်းသယ်ဆောင်ကာ ဆက်လက်ရှင်သန်နေထိုင်ကြတယ်လို့လည်း သိရပါတယ်။

Source : People Daily China

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ