Beauty & Fashion: သင့်အသားအရေက သင့်အသက်အရွယ်နဲ့ လိုက်ရဲ့လား

သင့်ဆီမှာ ရှိတဲ့ အသားအရေဟာ သင့်အသက်အရွယ်နဲ့ တကယ်ရှိသင့်တဲ့ အသားအရေလားဆိုတာကို စမ်းသပ်လို့ရပါတယ်။

play

 

လူတွေရဲ့ အသားအရေမှာ အရောင်အမျိုးမျိုး၊ ပျော့ပြောင်းမှု အမျိုးမျိုးရှိပါတယ်။ အသားအရေမှာ အစက်အပြောက်တွေရှိတာ၊ ကြမ်းတာ၊ အရေးအကြောင်းထတာတွေဟာ နဂိုရှိရမှာထက် ရုပ်ကို ပိုရင့်သွားစေပါတယ်။ သင့်ဆီမှာ ရှိတဲ့ အသားအရေဟာ သင့်အသက်အရွယ်နဲ့ တကယ်ရှိသင့်တဲ့ အသားအရေလားဆိုတာကို စမ်းသပ်လို့ရပါတယ်။ နည်းကလွယ်ပါတယ်။

၁ - လက်ဖမိုးကို မှောက်လိုက်ပြီး အရေပြားကို ဆွဲစိတ်ထားပါ။ တအားကြီး အားစိုက်စရာမလိုပါဘူး။ ဆွဲထားရုံလောက်ပါပဲ။

၂ - ဒီလိုမျိုး ငါးစက္ကန့်လောက် ဆွဲစိတ်ထားပြီး ပြန်လွှတ်လိုက်ပါ။

play

 

အရေပြားဟာ နဂိုအခြေအနေကို ပြန်ရောက်ဖို့ တစ်စက္ကန့်ကနေ နှစ်စက္ကန့်ကြာတယ်ဆိုရင် အသက် ၃၀ အောက်အသားအရေဖြစ်ပါတယ်။  သုံးစက္ကန့်ကနေ လေးစက္ကန့်ကြားဆိုရင်တော့ အသက် ၃၀ ကနေ ၄၄ ပါ။ ငါးစက္ကန့်ကနေ ကိုးစက္ကန့်ဆိုရင်တော့ ၄၅ ကနေ ၅၀ ကြားပါ။ ဆယ်စက္ကန့်အထက်ကြာနေတယ် ဆိုရင်တော့ ၆၀ အထက်ပါ။

သင့်အသက်အရွယ်နဲ့ အသားအရေဟာ မလိုက်ဖက်လို့ စိတ်ပူစရာ မရှိပါဘူး။ အစားအသောက်ပုံစံပြောင်းရုံပါပဲ။ အစား များများစားပြီး အားရှိဖို့တော့လိုပါတယ်။ ရေများများလည်း သောက်ပေးရပါမယ်။ အသီးအရွက်များများလည်း စားပေးပါ။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ