Beauty & Fashion: အလှကုန်ပစ္စည်းတွေကို ကြာကြာသုံးနိုင်မယ့်လျှို့ဝှက်ချက် (၅) ခု

ကိုယ်မကြိုက်တဲ့အလှကုန်ပစ္စည်းတွေ ရှိနေရင် တစ်ခြားနည်းနဲ့ပြောင်းပြီး သုံးလို့ရနိုင်ပါသေးတယ်။ ဘယ်လိုသုံးမလဲဆိုတာ ကြည့်ရအောင်..

play

 

၁။ ရေခဲသေတ္တာ

အဆီကိုအခြေခံထုတ်ထားတဲ့အလှကုန်ပစ္စည်းတွေ ဥပမာအားဖြင့် နှုတ်ခမ်းနီ၊ လိုင်နာရည်၊ ဖောင်ဒေးရှင်းတို့ကို ရေခဲသေတ္တာထဲက ခြောက်သွေ့အေးမြတဲ့နေရာမှာထားရင် ပိုပြီးသုံးနိုင်ပါတယ်။

play

 

၂။ မကြိုက်တဲ့နှုတ်ခမ်းနီ

ဝယ်တုန်းကတော့ကြိုက်ပြီး နောက်ပိုင်းမှ အရောင်ကိုမကြိုက်တော့ဘူးဆိုရင် အခြားအရောင်နဲ့စပ်ပြီးဆိုးပါ။ လွှင့်ပစ်စရာမလိုပါဘူး။

play

 

၃။ မျက်တောင်ကော့ဆေး

မျက်တောင်ကော့ဆေးတွေ ခြောက်ပြီးခဲနေပြီဆိုရင် မျက်တောင်ကော့ဆေးဘူးကို ရေနွေးထဲမှာ တစ်နာရီလောက်နှစ်ထားလိုက်ပါ။ ပြီးရင်သုံးလို့ရပါပါပြီ။

play

 

၎။ Lotion အနံ့မကြိုက်ဘူးဆိုရင်

Body Lotion တွေကို အနံ့မကြိုက်ဘူးဆိုရင် ဒီတိုင်းချောင်ထိုးထားမယ့်အစား ကိုယ်ကြိုက်တဲ့ရေမွှေးလေးနဲ့ရောပြီး သုံးနိုင်ပါတယ်။

play

 

၅။ ကော်နဲ့ထုပ်ပိုးထားတဲ့အလှကုန်တွေ

မိတ်ကပ်ရည်တို့၊ Lotion တို့ကို ကော်ဘူးနဲ့လာတာမျိုးဆိုရင် ကုန်သွားတဲ့အခါ ဘူးခွံဖင်ကိုဓားလေးနဲ့ဖြတ်လိုက်ပါ။ အနည်းဆုံး ၃ ခါလောက်တော့ သုံးဖို့ ထွက်ပါလိမ့်မယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ