Beauty & Fashion: ဒေါက်ဖိနပ်ကြိုက်သူတွေ သိထားသင့်တဲ့အချက် (၆) ချက်

, updated

စမတ်ကျတဲ့ခြေလှမ်းတွေဖြစ်လာဖို့အတွက် ဒေါက်ဖိနပ်တွေထက်ကောင်းတာ မရှိပါဘူး။

play

 

အမျိုးသမီးတစ်ဦးရဲ့ ပြီးပြည့်စုံတဲ့ဖက်ရှင်စာရင်းမှာ ဒေါက်မြင့်ဖိနပ်တွေက မပါမဖြစ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ စမတ်ကျတဲ့အသွင်ကိုရအောင် ဒေါက်မြင့်ဖိနပ်တွေက စွမ်းဆောင်နိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းမှာလည်း ကောင်းကျိုး၊ ဆိုးကျိုးတွေရှိလို့ ဒါလေးတွေကို သိထားဖို့တော့ လိုပါတယ်။

၁။ ဗြက်ကျယ်ကျယ်ရွေး

နေ့စဉ်နေ့တိုင်း ဒေါက်ဖိနပ်စီးဖြစ်နေတယ်ဆိုရင်တော့ ဗြက်ကျယ်တဲ့ဒေါက်မျိုးက ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။ ခြေထောက်ရှေ့ပိုင်းနေရာက ကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်မနေဘဲ ကျယ်တဲ့ဖိနပ်ကိုရွေးပါ။ ဒေါက်ကိုလည်း ခဲဆံလိုချွန်မြနေတာမျိုးမဟုတ်ဘဲ အနံကျယ်တဲ့ဒေါက်က တစ်နေကုန်စီးမယ်ဆို ခြေထောက်သိပ်မနာတဲ့ဒေါက်မျိုးဖြစ်ပါတယ်။

play

၂။ နှစ်လက်မဒေါက်ကအကောင်းဆုံး

ဒေါက်နိမ့်လေလေ ခြေထောက်နာတာ သက်သာလေလေပါပဲ။ ဒေါက်ဆိုမှဒေါက် စီးချင်ရင်တော့ နှစ်လက်မမြင့်တဲ့ ဒေါက်မျိုးက အကောင်းဆုံးပါ။

play

 

၃။ ကူရှင်

ခြေဖဝါးနဲ့ထိစပ်နေတဲ့ ဖိနပ်ရဲ့မျက်နှာပြင်မှာ ကူရှင် (သို့မဟုတ်) အတွင်းခံဆိုးလ်ပြား ပါတာကိုရွေးပါ။ ခြေထောက်နာတာ သက်သာတာပေါ့။

play

 

၎။ ဖိနပ်ပေါက်နိုင်

ဒေါက်နိမ့်တာဖြစ်ဖြစ် မြင့်တာဖြစ်ဖြစ် ခြေထောက်ကို ရေကြည်ဖုထပြီး ဖိနပ်ပေါက်စေနိုင်ပါတယ်။ ဘဲလေးအကမယ်တွေစီးတဲ့ ပေါ့ပါးတဲ့ဖိနပ်လေးတွေကတောင် ဖိနပ်ပေါက်စေတတ်ပါတယ်။

play

 

၅။ ခြေညှပ်ဖိနပ်ပါးတစ်ရန်ဆောင်ထား

ခဲချွန်ဒေါက်တွေလို အရမ်းမြင့်တဲ့ဒေါက်ဖိနပ်တွေ အမြဲတမ်းစီးတတ်သူတွေရဲ့ အိတ်ထဲမှာ ဖိနပ်ပါးတစ်ရန်တော့ ဆောင်ထားသင့်ပါတယ်။ ခြေထောက်နာတာမျိုး ရေကြည်ဖုထတာမျိုးဆိုရင် ချက်ချင်းဖိနပ်ပါးလေးပြောင်းစီးဖို့ပါ။

play

 

၆။ ခြေဖဝါးတွေကိုဂရုစိုက်ပေးပါ

ဒေါက်ဖိနပ်အသစ်တစ်ရန်စီးတော့မယ်ဆိုရင် အပြင်ကိုထုတ်မစီးခင် အိမ်ထဲမှာ ၁၅ မိနစ်မှ မိနစ် ၃၀ အထိ အစမ်းစီးကျင့်ကြည့်ပါ။ ညနေဘက် အိမ်ပြန်ရောက်ရင်လည်း ခြေထောက်လေးကို နှိပ်ပေးဖို့မမေ့ပါနဲ့ဦး။

Source : Daily Mail

ဒေါက်ဖိနပ်စီးသူတွေအတွက် လေ့ကျင့်ခန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ