Beauty & Fashion: လူကြိုက်များနေတဲ့ ချိစ်လက်သည်းဒီဇိုင်း

အစကတော့ စားသောက်ကုန်ဝက်ဘ်ဆိုဒ်တစ်ခုအတွက် ဖန်တီးခဲ့တာပါ။

play

 

တချို့ကတော့ ချိစ်နဲ့တူပေမဲ့ အနံ့တော့မရှိပါဘူးလို့ ဆိုပေမဲ့ တချို့က မြင်ရုံနဲ့ စားချင်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ချိစ်လက်သည်းဒီဖိုင်းဖန်တီးပုံကို အင်စတာဂရမ်မှာ တင်လိုက်တာ ၂၄ နာရီ မပြည့်ခင်မှာပဲ ကြည့်ရှုသူ ၂၃,၅၀၀ ရှိခဲ့ပါတယ်။

play

 

စတင်တီထွင်တုန်းက Tastemade စားသောက်ကုန်ဝက်ဘ်ဆိုဒ်အတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပေမဲ့ လူကြိုက်များတဲ့အတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို YouTube က မျှဝေခဲ့ပါတယ်။

play

 

အဲဒီလက်သည်းပုံဖော်ဖို့အတွက် နားကျပ်တဲ့ဂွမ်းတံတွေ၊ လက်သည်းဖျက်ဆေး၊ အဝါရောင် လက်သည်းနီ၊ လက်သည်းနီ အောက်ခံ Coat နဲ့ လက်သည်းဆိုးပြီးတင်ရတဲ့ Coat၊ သေးသွယ်တဲ့ လက်သည်းဆိုးဘရက်ခ်ျအချွန်လေးတစ်ခု လိုပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်ကို အောက်က ဗီဒီယဖိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ