Beauty & Fashion: ဘာလုပ်လုပ် အကုန်အတူတူ လုပ်ပြီး ခွဲမရအောင်တူတဲ့ အမြွှာညီအစ်မ သုံးဦး

သူတို့သုံးဦးဟာ ဆံပင်ကအစ အဝတ်အစားအဆုံး အားလုံးအတူတူဖြစ်တာကြောင့် ခွဲခြားဖို့ ခက်ခဲပါတယ်။

 

အိုင်ယာလန်မှာ နေထိုင်တဲ့ ညီအစ်သုံးဦးဟာ နေထိုင်စားသောက်ပုံကအစ အားလုံးတစ်ထပ်တည်းဖြစ်အောင် နေထိုင်ကြပြီး အောင်မြင်တဲ့ မော်ဒယ်အလုပ်ကိုလည်း လုပ်ကိုင်လျှက်ရှိပါတယ်။

 

လော်ရာ၊ နီကိုလာနဲ့ အလီဆန်တို့သုံးဦးလုံးဟာ အဝတ်အစားကစလို့ အလှကုန်ပစ္စည်းအဆုံး အားလုံးကို အတူတူသုံးစွဲကြတာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်းလည်း အားလုံးကို တစ်ထပ်တည်းလုပ်ကြတဲ့အတွက် သူတို့သုံးယောက်လုံးဟာ တူညီတဲ့ အလေးချိန်နဲ့ အရပ်အမောင်းကိုပါ ပိုင်ဆိုင်ထားကြတာပါ။

 

တူညီတဲ့မျက်နှာနဲ့ ကိုယ်ဟန်တွေအားလုံး ရှိတာကြောင့် ဘယ်သူက ဘယ်သူဆိုတာမျိုး နာမည်နဲ့ရုတ်တရက်ခွဲမိဖို့ မလွယ်လှပါဘူး။

 

" ကျွန်မတို့အဓိက အလုပ်က သုံးယောက်တွဲပြီး မော်ဒယ်လုပ်ပေးရတာလေ။ ဒီတော့ အချိုးအစားသွင်ပြင် တူညီနေဖို့က အရေးကြီးတာပေါ့" လို့ အယ်လီဆန်က ပြောပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အမြွှာညီအစ်မ  သုံးဦးဟာ လက်သည်းဆိုးရင်တောင်မှ အတူတူဖြစ်အောင် ဆိုးကြပါတယ်။

 

သူတို့ညီအစ်မသုံးဦး လူကြားထဲသွားတဲ့အ့ခါ ရုပ်ချင်းခွဲမဖြစ်ကြတဲ့အတွက် လူတွေက နှစ်ခါပြန် ကြည့်သွားကြရတယ်လို့ ဆိုပါတယ်။

Source : Daily mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ