Beauty & Fashion: ဖန်သားတံတားပေါ်မှာ ကြိုးတွဲလောင်းချပြီး မင်္ဂလာဓာတ်ပုံရိုက်တဲ့ ဇနီးမောင်နှံ

မင်္ဂလာဓာတ်ပုံရိုက်ကွင်းဟာ အသည်းယားစရာ ကောင်းနေပါတယ်။

တရုတ်နိုင်ငံက စုံတွဲတစ်တွဲဟာ မင်္ဂလာဆောင်ဓာတ်ပုံတွေ ရိုက်ကူးဖို့ စီစဉ်ခဲ့ရာမှာ သာမန်အလှဓာတ်ပုံတွေထက် ပိုပြီးထူးခြားတဲ့ မင်္ဂလာဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့ပါတယ်။

play

 

ပေပေါင်းများစွာ မြင့်တဲ့ တရုတ်နိုင်ငံ ယုယန်ဖန်သားတံတားပေါ်မှာ သက်စွန့်စံဖျားနဲ့ မင်္ဂလာဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတာ ဖြစ်ပြီး အချို့ဓာတ်ပုံတွေကို ရှီနူဇိုင်အမျိုးသားပန်းခြံထဲမှာရှိတဲ့ ဖန်သားတံတားပေါ်ကနေ ကြိုးတွဲလောင်းချကာ ဖန်တီးခဲ့တာပါ။

play

 

အဲဒီဖန်သားတံတားဟာ သာမန်ခရီးသွားအချို့တောင် မတက်ရဲတဲ့ တံတားဖြစ်ပြီး ပြည်တွင်းဒေသခံတွေကြားမှာတော့ သတ္တိရှိသူများအတွက် တံတားလို့ အမည်ပြောင်ပေးထားကြပါတယ်။

play

 

မင်္ဂလာမောင်နှံနှစ်ဦးကို နှစ်ကိုယ်အိပ်စက်ရုံလေး အကျယ်အဝန်းသာရှိတဲ့ အခင်းပြားတစ်ခုပေါ်မှာ တင်ပြီး ပေတစ်ထောင်မြင့်တဲ့ တံတားပေါ်ကနေ ကြိုးတွဲလောင်းချ ဓာတ်ပုံရိုက်ကူးတာဖြစ်ပါတယ်။ အချို့ကတော့ တံတားပေါ် မတက်ရဲကြပေမဲ့ ဒီမင်္ဂလာမောင်နှံရဲ့ မျက်နှာမှာတော့ အပြုံးတွေချည်းသာ တွေ့ရပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ