Beauty & Fashion: လေ့ကျင့်ခန်းလုပ်တဲ့ပုံတွေ ဖေ့စ်ဘွတ်ပေါ်တင်တတ်သူတွေက စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသူတွေဖြစ်

အလုပ်မသွားခင် ၁၅ မိုင် ပြေးခဲ့တယ်တို့၊ အိပ်ထမတင် အကြိမ် ၁၀၀ လုပ်တယ်တို့ဆိုတာ အချို့တွေအတွက် အားကျစရာကောင်းပေမယ့် အချို့ကတော့ ဒါကိုစိတ်ပျက်ကြပါတယ်။

play

 

လန်ဒန်က Brunel တက္ကသိုလ် သုတေသီတွေဟာ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း လူမှုကွန်ရက်ပေါ် တင်လေ့ရှိသူတွေနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာမှုပြုခဲ့ပါတယ်။ ရလဒ်ကတော့ သိပ်မကောင်းပါဘူး။

Gym မှာ ကစားနေတဲ့ပုံတွေကို မကြာခဏဆိုသလို တင်လေ့ရှိသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသူတွေဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့ ကိုယ်ခန္ဓာအလှပုံတွေကို မကြာခဏတင်သူတွေဟာ ရုပ်ရည်ပိုင်းဆိုင်ရာအတွက် အချိန်တွေအများကြီး ရင်းနှီးမြှုပ်နှံသူတွေဖြစ်လို့ပါပဲ။

play

 

ဒါ့ပြင် ဖေ့စ်ဘွတ်ပေါ်မှာတင်တဲ့ တခြားအားကစားပုံတွေထက် gym မှာ ကစားနေတဲ့ပုံတွေကလည်း Like ပိုရတတ်တော့ သာယာမိပြီး ပုံတွေအမြဲတင်နေတာဟာ ပုံမှန်မဟုတ်တဲ့စိတ်ရှိနေတာဖြစ်ကြောင်း သုတေသီတွေက ဆိုပါတယ်။

Source : BusinessInsider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ