Beauty & Fashion: ကမ္ဘာ့အထူးဆန်းဆုံး သတို့သမီးဝတ်စုံ (၅) စုံ

အထူးခြားအဆန်းပြားဆုံး ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံတွေ ဖြစ်ပါတယ်။

play

 

သတို့သမီးတွေက သူတို့ရဲ့မင်္ဂလာဝတ်စုံကို သူများနဲ့မတူစေချင်ကြတာ သဘာဝပါပဲ။ မင်္ဂလာဆောင်အတွက် အထူးခြားဆုံးစိတ်ကူးတွေနဲ့ ဖန်တီးထားတဲ့ ဝတ်စုံ ၅ စုံကို ဖော်ပြလိုက်ပါတယ်။

၁။ ပရိသတ်တွေလည်း ကူညီရတဲ့ သတို့သမီး ဝတ်စုံ

play

 

သတို့သမီးရဲ့ ဝတ်စုံက ရှည်လျားလွန်းတဲ့အတွက် သူငယ်ချင်းတွေ၊ ဆွေမျိုးတွေအားလုံးက သူမရဲ့ဝတ်စုံကို ကူညီကိုင်ပေးရပါတယ်။ သူမ သန့်စင်ခန်း ဘယ်လိုသွားမလဲတော့ မသိပါဘူး။

၂။ စံချိန်တင်ခဲ့တဲ့ ဝတ်စုံ

play

 

သတို့သမီးတချို့က လူတွေရဲ့အာရုံစိုက်မှုကို လိုချင်ပြီး တချို့ကတော့ ဂင်းနစ်စံချိန်ချိုးနိုင်တဲ့အထိ ပြုလုပ်လိုကြပါတယ်။

အသက် ၁၇ နှစ်အရွယ် ရိုမေးနီးယားမော်ဒယ် အမ်မာဒူမီထရီစကူဟာ ၂ မိုင်ရှည်တဲ့ မင်္ဂလာဝတ်စုံနဲ့ ၂၀၁၂ ခုနှစ်မှာ ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ သူမရဲ့ ဝတ်စုံတစ်ခုလုံးကို ပြသနိုင်ဖို့အတွက် သူမဟာ မိုးပျံပူဖောင်းတစ်ခုအတွင်းကနေ လိုက်ပါခဲ့ပြီး ပရိသတ်က သူမကို မြေပြင်ကနေ မော့ကြည့်ခဲ့ရပါတယ်။

၃။ မီးတောက်ပုံ မင်္ဂလာဝတ်စုံ

play

 

မင်္ဂလာဝတ်စုံကို အခုလိုမျိုး ဘယ်သူကမှ မဖန်တီးဖူးပါဘူး။ ဒါပေမဲ့ သတို့သမီးတစ်ဦးကတော့ သူမရဲ့မင်္ဂလာဝတ်စုံရဲ့ အနားကို အဝါရောင်သုံးကာ အနီရောင်မီးတောက်တွေကို ထည့်ပြီး မင်္ဂလာခန်းမထဲကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းလာခဲ့ပါတယ်။

၎။ ဧည်သည်အားလုံး ရှန်ပိန်သုံးဆောင်နိုင်မယ့် ဝတ်စုံ

play

 

ဘယ်သူမှ ကိုယ့်မင်္ဂလာဆောင်မှာ ဧည့်သည်တွေကို ရေမငတ်စေချင်ကြပါဘူး။ ဒီဝတ်စုံကတော့ ဧည့်သည်တွေနဲ့ တွေ့ဆုံရင်း ရှန်ပိန်နဲ့ တစ်ပါတည်း ဧည့်ခံနိုင်တဲ့ နည်းလမ်းလေးပါပဲ။ ရှန်ပိန်ခွက်အားလုံး ကုန်သွားတာနဲ့ သံခွေကို ဖယ်ရှားပြီး မင်္ဂလာအက ကပြလို့ ရပါပြီ။

၅။ အဝတ်အစားမလိုတဲ့ မင်္ဂလာဝတ်စုံ

play

 

ကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ် ယုံကြည်မှုရှိတာ ကောင်းပေမဲ့ မင်္ဂလာနေ့မှာတော့ ဘယ်သူမှ ကိုယ်လုံးတီးဖြစ်ချင်မယ် မထင်ပါဘူး။

ဒါပေမဲ့ ကိုယ်လုံးတီးလမ်းလျှောက်ပြီး မင်္ဂလာနေ့ကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလိုဆောင်လို့ရပါတယ်။ မမြင်အပ်တဲ့နေရာတွေကို ဖုန်းကွယ်ဖို့အတွက်တော့ ပန်းစည်းတွေ အများအပြားလိုအပ်ပါလိမ့်မယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ