Beauty & Fashion: အမျိုးသားတွေ ဆံပင်ရှည်ထားရင် သိသင့်တဲ့အချက် (၇) ချက်

, updated

ဆံပင်ရှည်ထားမယ်ဆိုပြီး ဆံပင်အရှည်ကြီးဖြစ်တဲ့ထိ ဒီအတိုင်းထား စောင့်နေတာမျိုး မလုပ်ပါနဲ့။

play

 

၁ - စိတ်ရှည်ပါ

ဆံပင်ရှည်ထားဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတာနဲ့ အချိန်ပါသတ်မှတ်ချက် ထားလိုက်ပါ။ ဥပမာ- နှစ်နှစ်ထားမယ်၊ တစ်နှစ်ထားမယ် ဆိုတာမျိုးပါ။ ဒီလိုမှ မဟုတ်ရင်တော့ စိတ်မရှည်တာနဲ့ ညှပ်မိနေပါလိမ့်မယ်။

၂ - ခေါင်းလျှော်ရည်

တစ်ပတ်တစ်ခါတော့ ခေါင်းလျှော်ပေးဖို့ လိုပါတယ်။

play

 

၃ - ဗီတာမင်

ဆံပင်အတွက် အရေးကြီးဆုံး ဗီတာမင်က ဗီတာမင် ဘီ ဖြစ်ပါတယ်။

၎ - ဆံပင်ညှပ်ဆိုင်သွား

ဆံပင်ရှည်ထားတဲ့လူတိုင်းဟာ ဆံပင်ဟိုမရောက်၊ ဒီမရောက်ဖြစ်ပြီး ကို့ရို့ကားယားနဲ့အခြေအနေတစ်ခုကိုတော့ ကြုံကြရပါတယ်။ ဒီလိုအချိန်မှာ ထိပ်ပိုင်းလေးတွေ တိတာမျိုးလုပ်ဖို့ ဆံပင်ညှပ်ဆိုင်သွားသင့်ပါတယ်။ ဆံပင်ရှည်ထားမယ်ဆိုပြီး ဆံပင်အရှည်ကြီးဖြစ်တဲ့ထိ ဒီအတိုင်းထားစောင့်နေတာမျိုး မလုပ်ပါနဲ့။ သင့်ရဲ့စိတ်ရှည်နိုင်မှုပါ ပျက်စီးလာပါတယ်။

play

 

၅ - Conditioner

ဆံပင်တိုတုန်းကတော့ ကိစ္စမရှိပေမဲ့ ဆံပင်ရှည်ထားမှာ ဖြစ်တဲ့အတွက် conditioner သုံးသင့်ပါတယ်။

၆ - ကိရိယာ

ဆံပင်ပုံစံအတွက် ညှပ်တွေ၊ ကလစ်တွေ သုံးသင့်ပါတယ်။ ဒါပေမဲ့ ကြည့်ရင် မမြင်ရတဲ့ အနက်ရောင်မျိုးဆို အဆင်ပြေမှာပါ။

play

 

၇ - ဘီး

ဆံပင်တွေ ရှည်လာလေလေ ကျိုးပဲ့ ပျက်စီးလွယ်လေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘီးအကောင်းစား သုံးဖို့လည်း လိုပါတယ်။

Photos & Source: enkivillage

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ