Beauty & Fashion: ဆံပင်ကျွတ်တာ သက်သာစေမယ့် ကြက်သွန်နီပေါင်းဆေး

ကြက်သွန်နွှာလို့ မမွှန်ချင်ရင်တော့ မနွှာခင် ၁၅ မိနစ်ခန့် ရေခဲသေတ္တာထဲမှာ အေးသွားအောင်ထားလိုက်ပါ။

play

 

ကြက်သွန်နီဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားပါးခြင်းကို သက်သာစေတဲ့ အကောင်းဆုံး အိမ်သုံးအလှပြင်ပစ္စည်းပါပဲ။ ဆာလ်ဖာပါဝင်တဲ့ ကြက်သွန်နီက သွေးလည်ပတ်မှုအားကောင်းစေပြီး ဆံပင်ဆဲလ်တွေကိုလှုံ့ဆော်ပေးလို့ ဆံပင်တွေပြန်ထွက်လာစေနိုင်ပါတယ်။ ကြက်သွန်နီနဲ့ အိမ်သုံးဆံပင်ပေါင်းဆေးလေး လုပ်ကြည့်ရအောင်ပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ - ကြက်သွန်နီတစ်လုံး၊ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်း၊ အမွှေးဆီ (essential oil) တို့ပဲ ဖြစ်ပါတယ်။

play

 

အဆင့် ၁

ကြက်သွန်နီကို ပါးပါးလှီးပြီး blender ထဲမှာ ထည့်မွှေလိုက်ပါ။ ရလာတဲ့အရည်ကိုပဲယူပြီး ပျားရည်နဲ့ရောပါ။ လာဗင်ဒါဆီလေး သုံးစက်လောက်ထပ်ထည့်ပြီး မွှေလိုက်ရင် ဆံပင်ပေါင်းဆေး ရပါပြီ။

play

 

အဆင့် ၂

ကြက်သွန်နီပေါင်းဆေးကို ဆံပင်နဲ့ဦးရေပြားမှာ နှံ့အောင်သုတ်လိမ်းရမှာဖြစ်ပါတယ်။ ဆံပင်ကို အနည်းဆုံး မိနစ် ၃၀ ခန့် အုပ်ထားပြီးမှ ပြန်လျှော်ပါ။ တကယ်လို့ ညမအိပ်ခင် လိမ်းထားပြီး မနက်မှခေါင်းလျှော်မယ်ဆို ပိုကောင်းပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ