Beauty & Fashion: ဘူးကိုဖွင့်လိုက်ရင် နှင်းဆီပွင့်လေးတွေထွက်လာမယ့် မျက်နှာသစ်ဆပ်ပြာ

ချစ်ဖို့ကောင်းတဲ့ မျက်နှာသစ်ဆေးလေးကိုတော့ ပျိုမေတွေစမ်းသုံးချင်ကြမယ်ထင်ပါတယ်။

 

ပစ္စည်းအထူးအဆန်းလေးတွေကို ထွင်လေ့ရှိတဲ့ ဂျပန်နိုင်ငံက ချစ်ဖို့ကောင်းတဲ့ မျက်နှာသစ်ဆပ်ပြာတစ်မျိုးကိုလည်း ထုတ်လုပ်လိုက်ပြန်ပါတယ်။ ဘူးကိုလှည့်ပြီးဖွင့်လိုက်ရင် ဆပ်ပြာခရင်မ်တွေက နှင်းဆီပွင့်ပုံလေးတွေ ထွက်လာမယ့် မျက်နှာသစ်ဆပ်ပြာဖြစ်ပါတယ်။

 

နာမည်ကျော် ဂျပန်အလှကုန်ထုတ်လုပ်ရေး Kanebo Evita ကုမ္ပဏီက ထုတ်လိုက်လိုက်တာပါ။ ပုလင်းထဲမှာ ခရင်မ်အတိုင်းပဲရှိနေမှာဖြစ်ပြီး ဘူးကိုလှည့်ဖွင့်လိုက်မှ နှင်းဆီပွင့်လေး ထွက်လာမှာဖြစ်ပါတယ်။

 

နှင်းဆီပွင့်ခရင်မ်ကို မျက်နှာပေါ်မှာ စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ မျက်နှာပေါ်မှာ ပွတ်ပေးရမှာဖြစ်ပြီး ရေနွေးနဲ့ ပြန်လည်ဆေးကြောပေးရတာပါ။ santsugaru အမည်ရှိ အင်စတာဂရမ်အကောင့်ပိုင်ရှင်က ယင်းမျက်နှာသစ်ခရင်မ်ကို လက်တွေ့သုံးပြခဲ့တဲ့ ဗီဒီယိုကို တင်ထားပြီး ကြည့်ရှုသူများပြားနေပါတယ်။

Source : Santsugaru Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ