Beauty & Fashion: လက်ပတ်နာရီ ဝတ်သူတွေက ပိုပြီးအောင်မြင်ရတဲ့ အကြောင်းရင်း (၇) ခု

လက်ပတ်နာရီဝတ်သူတွေမှာ ဒီလို အားသာချက်တွေ ရှိပါတယ်။

play

 

လူတိုင်းနီးပါး စမတ်ဖုန်းရှိကြတဲ့ ယနေ့ခေတ်မှာ လက်ပတ်နာရီတွေ ပတ်စရာမလိုတော့ဘူးလို့ ဆိုကြပါတယ်။ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေမှာ နာရီအချိန်မရွေးကြည့်လို့ရတယ်လို့ ပြောကြပြန်ပါတယ်။

ဒါပေမဲ့ ဒီနေ့ချိန်အထိ လက်ပတ်နာရီတွေကို တန်ဖိုးထား ပတ်နေသူတွေဟာ ပိုပြီးအောင်မြင်လေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက် (၇) ခုရှိပါတယ်။

၁။ စတိုင်ကျတယ်

play

 

စတိုင်ကျတဲ့သူက လုပ်ငန်းခွင်မှာပိုအောင်မြင်လေ့ရှိပါတယ်။ လက်ပတ်နာရီကို အမြဲဝတ်ဆင်သူက သာမန်လူတွေထက် ပိုပြီးစတိုင်ကျလေ့ရှိပါတယ်။

၂။ အင်တာဗျူးမှာ လူအထင်ကြီးစရာပိုဖြစ်

အလုပ်အင်တာဗျူးတွေ၊ အရေးကြီးတွေ့ဆုံမှုတွေမှာ လက်ပတ်နာရီပတ်သွားသူက ပိုပြီး အထင်ကြီးစရာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှု တွေမျိုးမှာ နာရီကြည့်ဖို့အတွက် သင့်ဖုန်းကိုထုတ်ကြည့်တာ မကောင်းပါဘူး။

၃။ အကောင်းကြိုက်သူများဖြစ်

play

 

လက်ပတ်နာရီနှစ်သက်သူတွေဟာ ပစ္စည်းအကောင်းစားကိုတန်ဖိုးထားတတ်သူတွေဖြစ်ပါတယ်။ ဒါဟာ နာရီအကောင်းစားတွေကို နှစ်သက်တဲ့ အလေ့အကျင့်ကနေ ဖြစ်လာတာပါ။

၎။ နာရီဈေးကွက်ကိုသိနေ

အများထက်သာတဲ့ အချက်က နာရီကြိုက်သူတွေဟာ နာရီဈေးကွက်ကို အခြားသူတွေထက်ပိုသိနေပါတယ်။ ဥရောပနာရီတွေ၊ ဂျပန်နာရီတွေကို အဆင့်အတန်းလိုက်အမျိုးအစားခွဲခြားနိုင်တဲ့ စွမ်းရည်အလိုအလျောက် ရှိပြီးသား ဖြစ်နေမှာပါ။

၅။ ပြုပြင်ပြောင်းလဲ တတ်သူတွေဖြစ်

play

 

သူတို့ဟာ အချိန်ကာလနဲ့ နေရာအလိုက်ပြုပြင် ပြောင်းလဲတတ်သူတွေပါ။ ဥပမာ သင်ဟာ နည်းပညာကုမ္ပဏီတွေ ရောက်သွားရင်လည်း ရိုးရိုးနာရီတွေအစား စမတ်နာရီတွေ ဝတ်ဆင်တတ်လာပါလိမ့်မယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ