Beauty & Fashion: နယူးဇီလန်ဖက်ရှင်ရှိုးက စံချိန်တင်ဝတ်စုံ

Catwalk လျှောက်လမ်းထက်မှာ ဒီလိုဝတ်စုံမျိုး တစ်ကြိမ်တစ်ခါမှ ပေါ်ထွက်မလာခဲ့ဖူးပါဘူး။

play

 

ပြီးခဲ့တဲ့သီတင်းပတ်က နယူးဇီလန်မှာပြုလုပ်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲတစ်ခုမှာ ပြသခဲ့တဲ့ အနီရောင်ဝတ်စုံတစ်စုံဟာ ပွဲကိုရောက်လာသူတွေရဲ့ အထူးစိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒါတင်မက catwalk လျှောက်လှမ်းမှု သမိုင်းတစ်လျှောက် အထူးခြားဆုံးစံချိန်ကိုပါ ရသွားပါတယ်။

play

 

ဝတ်စုံကိုဖန်တီးတဲ့ ဒီဇိုင်နာက အသက် ၂၅ နှစ်သာ ရှိပါသေးတယ်။ ထရစ်ရှ်ပန်က သတို့သမီးဝတ်စုံဒီဇိုင်နာတစ်ဦးဖြစ်ပြီး မီတာ ၂၀ ရှည်လျားတဲ့ ယခုဝတ်စုံကို ဖန်တီးထားတာပါ။

play

 

Swarovski ခရစ္စတယ်ကျောက်ပွင့်တွေ ရာပေါင်းများစွာတပ်ဆင်ထားတဲ့ ဝတ်ရုံကို မော်ဒယ်ကဝတ်ဆင်ပြီး လမ်းလျှောက်ပြသတဲ့အခါ တလက်လက်နဲ့ ကြည့်လို့အရမ်းကောင်းနေခဲ့ပါတယ်။ ဒီဝတ်စုံကိုရရှိဖို့ လူလေးဦးပါတဲ့မစ္စပန်တို့အဖွဲ့ဟာ အချိန်အားဖြင့် နာရီ ၁၂၀ လောက် ပြုလုပ်ခဲ့ရပါတယ်။ ပြင်သစ်က ရှေးဟောင်းလက်ရာ Christian Dior ဇာထည်ကို ပြန်လည်ဆန်းသစ်မွမ်းမံထားတာလည်း ဖြစ်ပါတယ်။

play

 

အနီရောင်က ဒရာမာဆန်ပြီး ကြွယ်ဝချမ်းသာမှုနဲ့ ကံကောင်းမှုကို ကိုယ်စားပြုတာကြောင့် ရွေးချယ်ဖြစ်ခဲ့တယ်လို့ မစ္စပန်က ပြောပြခဲ့ပါတယ်။ မစ္စပန်ရဲ့ဂါဝန်ဟာ catwalk စင်မြင့်မှာလျှောက်လှမ်းခဲ့သမျှ ဝတ်စုံတွေထဲက အရှည်လျားဆုံးဝတ်စုံဖြစ်လာခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ