Beauty & Fashion: တင်ပါးကြီးတဲ့မိန်းကလေးတွေရဲ့ ဒုက္ခ (၆) ခု

ကောင်းတဲ့နေရာလည်းရှိသလို ဆိုးတဲ့နေရာလည်းရှိပါတယ်။

play

 

အမျိုးသမီးတစ်ဦးအနေနဲ့ ဖွံ့ထွားတဲ့တင်တွေကို ပိုင်ဆိုင်ထားရတာလည်း အလှတစ်မျိုးပါပဲ။ မြန်မာဆန်ဆန်ဝတ်စုံတွေဝတ်တိုင်း ပိုမိုလှပနေတတ်ပြီး အမျိုးသားတွေကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။ ဒါတင်မက အမျိုးသမီးအချင်းချင်းလည်း အားကျမှုကိုခံရပါသေးတယ်။ တင်ပါးကြီးတိုင်း ကောင်းတာတော့မဟုတ်ပါဘူး။ မကောင်းတဲ့နေရာတွေလည်းရှိပါတယ်။ ဒါကို တင်ပါးကြီးတဲ့ မိန်းကလေးအချင်းချင်းသာ နားလည်ပေးနိုင်မှာပါ။

play

 

၁။ ဂျင်းဘောင်းဘီ

ဂျင်းဘောင်းဘီတွေဝတ်တိုင်း ဒုက္ခရောက်ရပါတယ်။ ပေါင်ရင်းထိဆွဲတင်ပြီး အပေါ်ကိုထပ်ဆွဲတင်ဖို့ တော်တော်ခက်ခဲတဲ့ကိစ္စပါ။ တင်ပါးနဲ့တော်တဲ့ဆိုဒ်ကိုရွေးလိုက်ပြန်တော့ ခါးနေရာကချောင်နေပြန်ရောလေ။

၂။ စကတ်ဝတ်ချိန်

တစ်ဖြောင့်တည်းစကတ်တွေဝတ်ရင် သိသာပါတယ်။ နောက်ဘက်က ရှေ့ဘက်ထက်ပိုပြီး အပေါ်ကိုတိုတက်နေတာပါ။

play

 

၃။ စားသောက်ဆိုင်က ကုလားထိုင်တွေ

စားသောက်ဆိုင်၊ ရုပ်ရှင်ရုံတွေက ထိုင်ခုံတွေဟာ ချောင်ချောင်ချိချိမဟုတ်ဘဲ ခပ်သေးသေးဆိုရင်တော့ တင်ပါးတွေကိုကျုံ့ပြီး ထိုင်ရပါတယ်။

၎။ ထိုင်စရာနေရာရွေးရတယ်

တော်ရုံ နေရာသေးသေးလေးလောက်ကို မျှဝေထိုင်ဖို့ဆိုတာ တင်ပါးကြီးသူတွေအဖို့ မဖြစ်နိုင်တဲ့အရာပါ။ အမှတ်တရဓာတ်ပုံရိုက်ဖို့ ကိုယ့်ချစ်သူရဲ့ပေါင်ပေါ်မှာထိုင်မယ်ဆိုရင်လည်း ကြည့်မကောင်းလို့ ဒီလိုပုံတွေမရိုက်ရပါဘူး။

play

 

၅။ လူတွေအာရုံစိုက်တာခံရ

သူ့ဘာသာကြီးနေတဲ့ တင်ပါးတွေကို လိုက်ပြီးစောင့်ကြည့်နေသူတွေကြောင့်လည်း စိတ်ညစ်ရပါတယ်။ ဥပမာ လမ်းလျှောက်လို့ တင်ပါးတွေယမ်းခါတာမျိုးပေါ့။ ကိုယ်ကတမင်မလုပ်လည်း အာရုံစိုက်ပြီး လိုက်ကြည့်ပြောတာ ခံရဖူးကြမှာပါ။

play

 

၆။ အတွင်းခံဘောင်းဘီ

အတွင်းခံသေးသေးလေးတွေကို သဘောကျလို့ ဝတ်ပေမဲ့ အဆင်မပြေပါဘူး။ တင်ပါးအပြည့်တွေဝတ်ရင်ဝတ် ဒါမှမဟုတ် G-String လို ကြိုးတစ်ချောင်းတည်းဝတ်မှ အဆင်ပြေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ