Beauty & Fashion: ယောက်ျားလေးတွေ လုပ်တတ်တဲ့ အောက်ခံဘောင်းဘီ အမှား (၄) ခု

အခြောက်ခံစက်နဲ့ အခြောက်ခံတာမျိုး မလုပ်သင့်ပါဘူး။

play

 

၁ - မလျှော်ဘဲနဲ့ ပြန်ဝတ်တယ်

ဝတ်ပြီးသားအောက်ခံဘောင်းဘီမှာ ပိုးမွှားနဲ့ အညစ်အကြေးတွေ အမြောက်အများပါဝင်ပါတယ်။ မလျှော်ဘဲနဲ့ ထပ်ခါထပ်ခါ ပြန်ဝတ်တာမျိုး မလုပ်သင့်ပါဘူး။ လျှော်ပြီးသွားတဲ့အခါမှာလည်း အပူချိန်မြင့်မြင့်နဲ့ အခြောက်ခံသင့်ပါတယ်။ အခြောက်ခံစက်နဲ့ အခြောက်ခံတာမျိုးလည်း မလုပ်သင့်ပါဘူး။

၂ - အရောင်

အောက်ခံဘောင်းဘီအဖြူဟာ အလွယ်တကူနဲ့ ညစ်ပေပါတယ်။ အရောင်ရင့်တဲ့ အညိုရောင်၊ နက်ပြာရောင်နဲ့ စတဲ့ အရောင်တွေကို ရွေးသင့်ပါတယ်။ ဒီအရောင်တွေက အရောင်ပြယ်တာ မမြန်သလို ခဏခဏလည်း အသစ်ဝယ်စရာမလိုပါဘူး။

play

 

၃ - ပုံစံ

ယခင် အောက်ခံဘောင်းဘီ ပုံစံဟောင်းတွေထက် boxer ပုံစံမျိုးကိုသာ ဝယ်ယူသင့်ပါတယ်။ သက်သောင့်သက်သာ ပိုဖြစ်ပြီး သူ့အပေါ်က ဘောင်းဘီထပ်ဝတ်တဲ့အခါ သပ်ရပ်မှုပိုရှိပါတယ်။

play

 

၎ - အသား

ဒီဇိုင်းကိုပဲ ကြည့်ပြီး ဘောင်းဘီသားကို မစစ်ဆေးတာကလည်း အမှားတစ်ခုပါ။ အကောင်းဆုံးက ချည်သားစစ်စစ်ဖြစ်ပါတယ်။ အေးပြီး ပေါ့ပါးပါတယ်။ နိုင်လွန်သားမျိုးကိုတော့ မရွေးချယ်သင့်ပါဘူး။ နိုင်လွန်သားနဲ့ မတည့်ရင် ယားယံတာတွေလည်း ဖြစ်တတ်ပါတယ်။

Photos & Source: Men's Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ