Beauty & Fashion: ပေါင်တံသွယ်လျစေဖို့ ၃ မိနစ်လေ့ကျင့်ခန်း

အချိန်သိပ်မပေးရတဲ့ လေ့ကျင့်ခန်းလေးတွေ ဖြစ်ပါတယ်။

play

 

၁ - V ပုံစံ

play

 

ခြေထောက်ကို ပုံပါအတိုင်းဆန့်ပြီး ခေါင်းနဲ့ ခြေထောက်နဲ့ ထိပေးပါ။ ခန္ဓာကိုယ်ကို ခြေထောက်နဲ့ ထိပ်ကပ်နေဖို့အတွက် လက်နဲ့အားယူပြီး လုပ်လို့ရပါတယ်။ ထိကပ်နေတဲ့အချိန်ကို ၅ စက္ကန့်ကနေ ၁၅ စက္ကန့်ကြား ထားသင့်ပါတယ်။

၂ - ခြေခွဲ

play

 

ခန္ဓာကိုယ်ကို ပက်လက်လှန်ထားပြီး ခြေထောင်နှစ်ချောင်းကို ထောင်ထားရမှာ ဖြစ်ပါတယ်။ လက်နှစ်ဖက်ကိုတော့ ကြမ်းပြင်မှာ ကပ်ထားရမှာ ဖြစ်ပါတယ်။

play

 

ခြေထောက်နှစ်ဖက်ကိုတော့ ဘေးနှစ်ဖက်ကို ကားလိုက်၊ ပြန်စုလိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။

၃ - ဝမ်းလျားမှောက်

play

 

ဝမ်းလျားမှောက်ထားပြီး မေးစေ့နဲ့ ခြေချောင်းထိပ်တွေက ကြမ်းပြင်ကို ထိထားရမှာ ဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်နိုင်သလောက် ထုတ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီးရင်တော့ ညာဘက်လက်နဲ့ ဘယ်ဘက်လက်ကို မြှောက်ထားပြီး သုံးစက္ကန့်လောက်နေရမှာဖြစ်ပါတယ်။

play

 

အဆိုပါပုံစံအတိုင်းပဲ ဘယ်ဘက်လက်နဲ့ ညာဘက်ခြေထောက်ကို မြှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပုံစံအတိုင်း ငါးကြိမ်လောက်လုပ်ရမှာ ဖြစ်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ