Beauty & Fashion: ဆံပင် လိပ်ခွေနေသူတွေ သိထားသင့်တဲ့ အချက် (၄) ချက်

ဆံပင်ညှပ် ကလစ်မည်းလေးတွေကို သုံးဖို့မမေ့ပါနဲ့။

play

 

၁ - တစ်ခါပဲလျှော်

ဆံပင်ကို တစ်ပတ်မှာ တစ်ခါလောက်ပဲ လျှော်ပါ။ ဆံပင်ကို ခဏခဏ လျှော်တာဟာ အဆီခြောက်ခမ်းပြီး ဆံသားတွေ ခြောက်သွေ့သွားနိုင်ပါတယ်။

၂ - ဘီးမဖြီးနဲ့

ခေါင်းလျှော်ပြီးသွားရင် ဘီးမဖြီးပါနဲ့။ ဆံပင်က လိပ်ခွေနေတာကြောင့် ဆံသားကျိုးပြတ်တာတွေ ပိုများပါတယ်။ ဖြီးမယ်ဆိုလည်း ဘီးအကျဲကြီးကို သုံးသင့်ပါတယ်။

play

 

၃ - ကလစ်

ဆံပင်ညှပ်ကလစ်မည်းလေးတွေကို သုံးဖို့မမေ့ပါနဲ့။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သုံးပေးသင့်ပါတယ်။ ဆံပင်တွေက လိပ်ခွေနေတာကြောင့် သူတို့ရဲ့ အကူအညီနဲ့ လိုတဲ့ပုံကို ဖော်နိုင်ပါတယ်။

play

 

၎ - စပရေးဘူး

ဆံပင်ကို ခေါင်းလိမ်းဆီသုံးပြီး ပုံသွင်းတာထက် စပရေးဖြန်းပြီးတော့လည်း ထိန်းထားသင့်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ