Beauty & Fashion: လန်ဒန်ဖက်ရှင်လောကရဲ့ အကိတ်မော်ဒယ်ကြီးများ

ဖက်ရှင်လောကမှာ ပိန်ပါးပြားကပ်လွန်းတဲ့ မော်ဒယ်တွေကို အသုံးမပြုဖို့လည်း တားမြစ်ထားပါတယ်။ ပြားကပ်ကပ်တွေထက်စာရင် အကိတ်ကြီးတွေက ပိုတောင်ချစ်ဖို့ကောင်းပါသေးတယ်။

play

 

နယူးယော့ခ်ဖက်ရှင်ရက်သတ္တပတ်က ရှိုးပွဲတွေမှာ ပိန်ပိန်ပါးပါးမော်ဒယ်တွေနဲ့ ကုန်ပစ္စည်းသစ်ကို မိတ်ဆက်နေချိန်မှာ လန်ဒန်ဖက်ရှင်ကြော်ငြာတစ်ခုကတော့ မတူညီတဲ့မော်ဒယ်တွေကို အသုံးပြုခဲ့ပါတယ်။ Size Zero မော်ဒယ်တွေကိုသာ သုံးခဲ့တဲ့ ဗစ်တိုးရီးယားရဲ့ရှိုးပွဲထက်စာရင်တော့ လန်ဒန်က အကိတ်မော်ဒယ်တွေက ပိုကြည့်ကောင်းနေတယ်လို့ လူတွေက မှတ်ချက်ပေးနေပါတယ်။

play

 

Size 26 စူပါမော်ဒယ်တွေဖြစ်တဲ့ တက်စ် ဟောလီးဒေး၊ ကောလီ သော့ပ်နဲ့ ဘီရှမ်ဘာ ဒက်စ်တို့ဟာ eBay ရဲ့ ဖက်ရှင်ကြော်ငြာမှာ ပါဝင်ထားကြတာဖြစ်ပါတယ်။ ဝပေမဲ့ လှနေကြတဲ့ မော်ဒယ်တွေဖြစ်ပြီး အကိတ်မော်ဒယ်လောကမှာ နာမည်ရထားကြသူတွေပါ။

play

 

ဖက်ရှင်ဆိုတာ ကိုယ်ခန္ဓာအရွယ်အစားမရွေး ဝတ်ဆင်လှပနိုင်တာကို ပြသလိုတဲ့အနေနဲ့ အကိတ်မော်ဒယ်ကြီးတွေနဲ့ ကြော်ငြာခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ