Beauty & Fashion: လှပလွန်းတဲ့ မင်္ဂလာဝတ်စုံ ၆ စုံ ဝတ်ခဲ့တဲ့ သတို့သမီး

အားလုံးက တစ်မျိုးစီ လှပနေပါတယ်။

play

 

မင်္ဂလာဆောင်တဲ့အခါ အလှဆုံးဝတ်စုံ ဝတ်ရဖို့က မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါ။

မင်္ဂလာဆောင်ဝတ်စုံတစ်စုံ ချုပ်ဖို့အတွက် ဘယ်လောက်ထိ သောကများရတယ်ဆိုတာ မင်္ဂလာဆောင်ခဲ့သူတိုင်း၊ မင်္ဂလာဆောင်ဖို့ ပြင်ဆင်သူတိုင်း သိကြမှာပါ။

play

 

ဒီသတို့သမီးလေးကတော့ မင်္ဂလာဝတ်စုံ ၆ စုံတောင် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ထိုင်းသမီး နိုအီချော့တီကာဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်္ဂလာဆောင်ခဲ့ပြီး ၂ ပတ်အတွင်း

ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတွေမှာ လှပလွန်းလှတဲ့ မင်္ဂလာဝတ်စုံ ၆ စုံကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

play

 

သူမရဲ့ မင်္ဂလာဝတ်စုံ ဝတ်ပွဲကြီးကို အပျိုညပါတီပွဲမှာ အဖြူရောင်ဂါဝန်ရှည်ကြီးကို ဝတ်လို့ စတင်ခဲ့ပါတယ်။

လူအများစုက ဒီဝတ်စုံကို မင်္ဂလာပွဲကြီးမှာ ဝတ်မယ့်ဝတ်စုံလို့ ထင်ကြမှာပါ။

play

 

ဒုတိယဝတ်စုံကတော့ ပန်းခရမ်းဖျော့ဖျော့လေးနဲ့ အရမ်းကို လှပလွန်းလှပါတယ်။

play

 

တတိယဝတ်စုံကတော့ ရိုးရာဝတ်စုံပုံစံ ရတနာတွေနဲ့ စီခြယ်ထားတာဖြစ်ပြီး ဝတ်စုံရဲ့လှပမှုက ပထမနှစ်ခုထက် မလျော့တာ သေချာပါတယ်။

play

 

အဲဒီနောက်မှာတော့ နိုအီဟာ အဖြူရောင် ကိုယ်ကျပ်ဂါဝန်ကိုလဲလို့ ခေတ်ဆန်ဆန် လှပနေပြန်ပါတယ်။

play

 

နောက်တစ်စုံကတော့ ဇာဂါဝန်ရှည်ကြီးပါ။

play

နောက်ဆုံးတစ်စုံကတော့ ပါတီပွဲမှာ ဝတ်တဲ့ ဝတ်စုံဖြစ်ပြီး ငွေရောင် လက်ပြတ်ဂါဝန်လေးဖြစ်ပြီး ပေါ့ပါးလွတ်လပ်တဲ့စတိုင်နဲ့ ကျက်သရေရှိရှိ လှပနေပြန်ပါတယ်။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ