Beauty & Fashion: သီးနှံဒီဇိုင်း အဆင်တန်ဆာနဲ့ ဝတ်စုံတွေ ဝတ်ဆင်ပြတဲ့ မော်ဒယ်ရှိုး

London Fashion Week မှာ ဖြစ်ပါတယ်။

play

 

London Fashion Week ဟာ New York Fashion Week တို့၊ Paris Fashion Week တို့နဲ့ မတူဘဲ တမူထူးခြားဆန်းသစ်တဲ့အတွက် နာမည်ကြီးပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ တကယ့်ကို အထူးခြားဆုံုးဖြစ်အောင် ဖိနပ်ဒီဇိုင်နာတစ်ဦးက ပြုလုပ်ခဲ့ပါတယ်။

play

 

Charlotte Olympia ရဲ့ S/S ၂၀၁၇ စုစည်းမှုဟာ ဘရာဇီး ကိုပါကာနာနဲ့ ကာနီဗယ် ယဉ်ကျေးမှုတွေကို ပြသတဲ့ပွဲလည်းဖြစ်ပါတယ်။

ဒါကြောင့် သစ်သီးတွေ ပါဝင်တာဖြစ်ပြီး ဖရဲသီးအိတ်တွေလည်း မြင်တွေ့နိုင်ပါတယ်။

play

 

ဖိနပ်တွေကိုလည်း ငှက်ပျောသီးပုံလေးတွေ ပြုလုပ်ထားပြီး အဝတ်အစားတွေကလည်း သီးနှံဒီဇိုင်း ဖြစ်ပါတယ်။

play

 

ကျွမ်းကျင်အကသမားများစွာဟာ ၁၉၄၀ ပြည့်နှစ်များက စတိုင်တွေနဲ့ ငှက်ပျောသီးကြီးတွေကို ကိုင်လို့ ကပြခဲ့ပါသေးတယ်။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ