Beauty & Fashion: စက္ကူနှင်းဆီတွေနဲ့လုပ်ထားပေမဲ့ ခမ်းနားလွန်းတဲ့ သတို့သမီးဝတ်စုံ

တကယ်ဝတ်ရင်တော့ အဆင်ပြေပါ့မလားဆိုတာ မသေချာပါဘူး။ ဒါပေမဲ့လည်း ဝတ်ရမှာ နှမျောဖို့ကောင်းနေပါတယ်။

 

လန်ဒန်က ဒီဇိုင်နာ ဇိုး ဘရက်ဒလေ ဖန်တီးထားတဲ့ နှင်းဆီဝတ်စုံကို သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ ခင်းကျင်းပြသထားပါတယ်။ နှင်းဆီခင်းထဲရောက်သွားသလို ခံစားရစေမယ့် အရွယ်စုံ အရောင်တူနှင်းဆီတွေကို အဆင့်ဆင့် သီတန်းထားသလို ခါးမှာလည်း နှင်းဆီပွင့်ဖတ်တွေနဲ့မို့ အရမ်းကို လှပလွန်းနေပါတယ်။

 

အနီရင့်ရောင် နှင်းဆီပွင့်တွေနဲ့ချည်း ဖန်တီးထားတဲ့ ဒီဝတ်စုံကို စက္ကူနှင်းဆီပွင့်ပေါင်း ၄၀၀ နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ နှင်းဆီပွင့်တွေကိုလည်း သူမရဲ့လက်နဲ့ ကိုယ်တိုင်ပြုလုပ်ထားတာဖြစ်ပြီး နာရီပေါင်း ၁၀၀ ကျော် အချိန်ပေးခဲ့ရတယ်လို့ ဇိုးက ဆိုပါတယ်။

 

ဇိုးရဲ့ စက္ကူနှင်းဆီခင်း သတို့သမီးဂါဝန်ကြီးကို ဆစ်ဒနေမြို့က Chatswood Chase မှာ နိုဝင်ဘာ ၃၀ ရက်အထိ ပြသထားမှာဖြစ်လို့ စိတ်ဝင်စားမယ်ဆိုရင် ကိုယ်တိုင်သွားရောက်ကြည့်ရှုလို့လည်း ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ