Beauty & Fashion: အမျိုးသားမော်ဒယ်များရဲ့ ဖက်ရှင်ရှိုးလျှောက်ခ အမျိုးသမီးများထက် လွန်စွာလျော့နည်း

အမျိုးသားတွေ ဖက်ရှင်ရှိုးလျှောက်တဲ့ မော်ဒယ်အဖြစ် လုပ်ကိုင်လာမှုမှာ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ပိုမိုများပြားလာခဲ့ကြောင်းလည်း သိရပါတယ်။

play


အမျိုးသားမော်ဒယ်တွေရဲ့ လုပ်ခလစာဟာ အမျိုးသမီးမော်ဒယ်တွေထက် ၇၅ ရာခိုင်နှုန်းအထိ လျော့နည်းရရှိနေကြောင်း ထိပ်တန်း မော်ဒယ်အေဂျင့်တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဗြိတိန်အခြေစိုက် Premier မော်ဒယ်အေဂျင်စီမှာ အမျိုးသားမော်ဒယ်တွေကို စံမံခန့်ခွဲ လေ့ကျင့်ပေးနေတဲ့ အဲလိဇဘက်သ် ရို့စ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

play


Premier ဟာ ကမ္ဘာကျော်မော်ဒယ်တွေဖြစ်တဲ့ နာအိုမီကမ်းဘဲလ်နဲ့ စင်ဒီကရော့ဖို့ဒ်တို့ကို မွေးထုတ်ပေးခဲ့တဲ့ နာမည်ကြီး မော်ဒယ်အေဂျင်စီလည်း ဖြစ်ပါတယ်။ မော်ဒယ်လုပ်ငန်းဟာ အမျိုးသားများက အမျိုးသမီးများထက် လုပ်ခလစာ လျော့နည်းရရှိနေတဲ့ တစ်ခုတည်းသော လုပ်ငန်းဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

play


ရို့စ်ရဲ့ ပြောကြားမှုအရ အမျိုးသမီးမော်ဒယ်တစ်ဦးဟာ ဖက်ရှင်ရှိုးလျှောက်တဲ့အခါ ပေါင်စတာလင် ၄၀,၀၀၀ အထိ ရရှိနေပေမဲ့ အမျိုးသားမော်ဒယ်တွေကတော့ ပေါင်စတာလင် ၁၀,၀၀၀ သာ ပျမ်းမျှရရှိတယ်လို့ သိရပါတယ်။

play
အမျိုးသားမော်ဒယ်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ အဲလိဇဘက်သ် ရို့စ်


ရို့စ်ရဲ့ အမျိုးသားမော်ဒယ်တွေဟာ လန်ဒန်ဖက်ရှင်ပွဲမှာ ပါဝင်ခဲ့ပြီးနောက် မီလန်နဲ့ ပါရီ ဖက်ရှင်ပွဲတွေမှာလည်း ဆက်လက် ပါဝင်လျှောက်လှမ်းကြမှာ ဖြစ်ပါတယ်။ အမျိုးသားတွေ ဖက်ရှင်ရှိုးလျှောက်တဲ့ မော်ဒယ်အဖြစ် လုပ်ကိုင်လာမှုမှာ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ပိုမိုများပြားလာခဲ့ကြောင်းလည်း သိရပါတယ်။

play
ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မော်ဒယ် ဂစ်ဆီလီ ဘန်ချန်


ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အမျိုးသမီးမော်ဒယ်အဖြစ် ဂစ်ဆီလီ ဘန်ချန်က ယမန်နှစ်ဝင်ငွေ ပေါင်စတာလင် ၃၄ သန်းဖြင့် ရပ်တည်နေကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

play


အမျိုးသားမော်ဒယ်များအနက် ဝင်ငွေအကောင်းဆုံးအဖြစ် ၂၀၁၃ ခုနှစ်က ရပ်တည်ခဲ့တဲ့ ရှောင်အိုပရိုင်းမှာမူ ဝင်ငွေ ပေါင်စတာလင် ၁.၁၅ သန်းမျှသာ ရရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ