Beauty & Fashion: အမျိုးသားတွေအတွက် ဆွဲဆောင်မှု ပိုရှိလာစေမယ့် အလေ့အကျင့် (၅) ခု

, updated

အရည်အချင်းတူရင်တောင် ဒီလိုအလေ့အကျင့်တွေကြောင့် သင်က ပိုနှစ်သက်စရာဖြစ်နေပါတယ်။

play

 

၁ - ပြတ်သားမှု

ပြတ်သားခိုင်မာတဲ့ မေးခွန်းမျိုးမေးပါ။ ဝေ့လည်ကြောင်ပတ်လုပ်ခြင်းဟာ နှစ်သက်စရာမဟုတ်ပါဘူး။ ပြတ်သားခိုင်မာစွာ လုပ်ကိုင်တတ်တဲ့ အကျင့်မျိုးဟာ ယောက်ျားလေးတစ်ယောက်အတွက် ထင်ရှားပေါ်လွင်စေမယ့် အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။

play

 

၂ - အပြောနဲ့ အလုပ်ညီပါ

အပြောတစ်မျိုး၊ အလုပ်တစ်မျိုးကို ဘယ်သူမှ သဘောမကျပါဘူး။ ပတ်ဝန်းကျင်ကိုသာမက သင့်ကိုယ်သင် ပြောထားတဲ့စကားတွေ၊ ကတိတွေကို အတတ်နိုင်ဆုံးတည်ပါ။ ဒီလိုအလေ့အကျင့်ရှိခြင်းကနေ သင့်ကိုယ်သင် ပိုယုံကြည်မှုရှိလာပါတယ်။ အရည်အချင်းတူရင်တောင် ဒီလိုအလေ့အကျင့်တွေကြောင့် သင်က ပိုနှစ်သက်စရာဖြစ်နေပါတယ်။

play

 

၃ - ပျော်တတ်ပါ

အရာရာကို လေးနက်နေတာက အဆင်မပြေပါဘူး။ သူများတွေ ပျော်အောင်လုပ်ပေးနိုင်သူဖြစ်သလို ကိုယ့်ဘာကိုယ်လည်း ပျော်အောင်နေတတ်သူ ဖြစ်သင့်ပါတယ်။

play

 

၎ - စိတ်အားထက်သန်မှု

စိတ်အားထက်သန်တဲ့ တစ်စုံတစ်ခု ရှိသင့်ပါတယ်။ ဝါသနာ၊ ရည်မှန်းချက် စတဲ့ ယုံကြည်ရာမျိုးပါ။ ဒီလို စိတ်အားထက်သန်တဲ့ ဝါသနာမျိုး၊ ရည်မှန်းချက်မျိုးမရှိဘဲ ရိုးရှင်းတဲ့ဘဝကို ကြိုက်တယ်ဆိုရင်တောင် အဆိုပါဘဝကို ရရှိချင်တဲ့ စိတ်အားထက်သန်မှုမျိုး ရှိသင့်ပါတယ်။

၅ - ဗွေမယူ

အပေါင်းအသင်းတွေကြားမှာ၊ လုပ်ငန်းမှာ၊ အချစ်ရေးမှာ တော်ရုံငြင်းပယ်ခံရတာမျိုးကို ပုဂ္ဂိုလ်ရေးခံစားချက် ကြီးကြီးမားမား မထားပါနဲ့။ တော်ရုံနဲ့ ဗွေမယူတတ်တဲ့ အကျင့်မျိုးရှိပါ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ