Beauty & Fashion: လေထုညစ်ညမ်းမှုက အသားအရေအပေါ် ဘယ်လိုသက်ရောက်လဲ

ကောင်းကျိုးလုံးဝမပေးတာတော့ သေချာပါတယ်။

play

 

အပြင်ထွက်လိုက်တိုင်း မျက်နှာက အဆီပြန်ပြီး ညစ်နွမ်းလာတာ၊ ယားယံတာတွေဖြစ်နေပြီဆိုရင်တော့ အဲ့ဒီနေရာရဲ့လေထုက မသန့်စင်လို့ပါပဲ။ လေထုညစ်ညမ်းမှုဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေရုံသာမက သင့်အသားအရေကိုပါ ဒုက္ခပေးပါတယ်။

play

 

ညစ်ညမ်းတဲ့လေထုရှိရာ ပတ်ဝန်းကျင်မှာ နေထိုင်ရဖန်များလာတဲ့အခါ သင့်အသားအရေက အရင်လို သက်တောင့်သက်သာမရှိတော့ပါဘူး။ ထိခိုက်လွယ်တဲ့ sensitive skin ဖြစ်လာပါတယ်။ စိုပြေမှုမရှိတော့တဲ့ အသားအရေက ခြောက်ကပ်ကပ်ဖြစ်လာသလို စိုပြေဝင်းလက်မှုလည်း လျော့ကျသွားပါတယ်။ အရေပြားရဲ့ နုပျိုနိုင်စွမ်းပမာဏကလည်း တဖြည်းဖြည်းလျော့ကျလာပါတယ်။

play

 

တကယ်လို့ လေထုညစ်ညမ်းတဲ့နေရာမှာ နေထိုင်ရတယ်ဆိုရင် အသားအရေလှပအောင် ရေများများသောက်ပေးရပါမယ်။ အရည်ရွှမ်းတဲ့သီးနှံတွေကိုလည်း စားသုံးရမှာဖြစ်ပြီး antixoidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ပါဝင်တဲ့ အာဟာရပြည့်အစားအစာတွေကို စားသုံးပေးရမှာဖြစ်ပါတယ်။

Source : Aloha

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ