Beauty & Fashion: သိန်းနှစ်ထောင်ကျော်တန် သတို့သမီးဝတ်စုံ

ရာတန်ယူရိုငွေတွေကိုလည်း သီကုံးကာ အင်္ကျီမှာဝတ်ဆင်ခဲ့ပါသေးတယ်။

play

 

ဆလိုဗေးကီးယား မောင်နှံနှစ်ဦးရဲ့ မင်္ဂလာပွဲကတော့ ကြားရသူ မျက်လုံးစေလောက်အောင် ငွေကြေးမြောက်များစွာ အသုံးပြုခဲ့ပါတယ်။ ရတနာတွေစီခြယ်ထားတဲ့ သတို့သမီးဝတ်စုံဆိုရင် မြန်မာကျပ်ငွေ သိန်းနှစ်ထောင်ကျော် (ပေါင်စတာလင် ၁၇၅,၀၀၀) တန်ပါတယ်။

play

 

အက်ဗ်ကာနဲ့ လူးကတ်စ်တို့ရဲ့ မင်္ဂလာပွဲသတင်းဟာ ဥရောပအရှေ့ပိုင်းနဲ့ ရုရှားနိုင်ငံမှာတော့ နာမည်ကြီးနေပါတယ်။ ဝဝကစ်ကစ် စုံတွဲလေးဟာ အသက်ငယ်ငယ်ပဲ ရှိကြပါသေးတယ်။ ၁၉ နှစ်အရွယ် သတို့သမီးလေးဟာ စိန်ရွှေတွေတပ်ဆင်ထားတဲ့ မင်္ဂလာဝတ်စုံအပြင် ရာတန်ယူရိုငွေတွေကိုလည်း သီကုံးကာ အင်္ကျီမှာဝတ်ဆင်ခဲ့ပါသေးတယ်။

play

 

မင်္ဂလာပွဲကို လေးရက်ကြာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ ပေါင်စတာလင် ၃၀,၃၇၅ လောက် သုံးစွဲခဲ့ကြပါတယ်။ စားပွဲထိုးတွေကို မုန့်ဖိုးပေးတာတောင်မှ ယူရိုငွေရာနဲ့ချီပေးခဲ့တယ်လို့ သိရပါတယ်။

play

 

သိန်းထောင်ကျော်တန် မင်္ဂလာဝတ်စုံကို ဝတ်ထားတဲ့ သတို့သမီးလေးကိုကြည့်ရင်း အားကျမက်မောနေကြသူတွေလည်း တစ်ပုံတစ်ပင်ပါပဲ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ