Beauty & Fashion: ဖက်တီးမလို့ ကျောင်းမှာ အခေါ်ခံရတဲ့ ကောင်မလေးက တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာ

, updated

ဖက်တီးမလို့ ဝိုင်းစခဲ့တဲ့သူတွေက အခုတော့ သူမကို ချစ်ရေးဆိုသူတွေ ဖြစ်နေကြပါတယ်။

play

 

တက္ကဆက်ပြည်နယ် ဆန်မားကို့စ်အရပ်က တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ အရင်က ဖက်တီးမလို့ခေါ်ပြီး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပေမဲ့ အခုတော့ အားလုံးက ချစ်သူဖြစ်ချင်ကြတဲ့ အလှဘုရင်မတစ်ဦး ဖြစ်နေပါပြီ။

play

 

အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူမဟာ ၃၁၅ ပေါင်လောက် ရှိခဲ့ရာကနေ အခုတော့ ပေါင် ၁၇၀ လောက်သာ ရှိတော့တဲ့ မိန်းမချောလေး တစ်ဦးဖြစ်နေပါပြီ။ အမ်မာပုပ် လို့ခေါ်တဲ့သူမကို ကျောင်းမှာ ဖက်တီးမဆိုပြီး ခေါ်ခဲ့တဲ့ ကျောင်းသားတွေက  အခုသူမနဲ့ ချိန်းတွေ့ဖို့ အမြဲကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ သူမက ဒီအမျိုးသားအားလုံးကို ငြင်းပယ်ထားဆဲပါ။

play

 

အရင်က သူမကို အနိုင်ကျင့်ခဲ့သူတွေရဲ့ တောင်းပန်မှုကိုလည်း အခုအခါ မကြာခဏ ရရှိလျက်ရှိတယ်လို့ အမ်မာက ပြောပါတယ်။ မယုံနိုင်လောက်အောင် ဝိတ်ကျသွားခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ ပီဇာလိုမျိုး ကယ်လိုရီများတဲ့ အရန်သင့်အစားအစာတွေ စားသုံးခြင်းက ရှောင်လိုက်တာပဲ ဖြစ်တယ်လို့ သိရပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ