Beauty & Fashion: ချိုင်းချွေးနံ့ပျောက်ဆေးတောင့် သုံးသူတွေ လုပ်မိတတ်တဲ့ အမှား (၄) ခု

တစ်မျိုးတည်း နှစ်ရှည်လများသုံးနေတာဟာ မကောင်းပါဘူး။

play

 

၁ - အချိန်

ချိုင်းချွေးနံ့ပျောက်ဆေးတောင့်ကို နေ့ဘက်အချိန်တွေမှာ သုံးနိုင်ပါတယ်။ ဒါပေမဲ့ ညဘက်လို ချွေးမထွက်တဲ့အချိန်တွေမှာ  သိပ်မသုံး သင့်ပါဘူး။ သုံးမယ်ဆိုလည်း နေ့ဘက်လောက် မလိမ်းသင့်ပါဘူး။

play

 

၂ - နည်းတာ

တစ်ချက်တည်း လိမ်းပြီး အပြင်ကို အမြန်ထွက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ လုံလောက်တဲ့ ပမာဏမရတဲ့အခါ ချွေးနံ့နဲ့ လုံးနေတဲ့ အနံ့က ပိုဆိုးပါတယ်။

play

 

၃ - အနံ့ပြင်း

အသားအရေနုတဲ့ မိန်းကလေးတွေဟာ အနံ့ပြင်းတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးတောင့်ကို ရှောင်သင့်ပါတယ်။ မတည့်တာမျိုးဖြစ်ပြီး လိမ်းတဲ့အခါတိုင်း ယားယံနေတတ်ပါတယ်။

play

 

၎ - တစ်မျိုးတည်း

တစ်မျိုးတည်း နှစ်ရှည်လများသုံးနေတာဟာ မကောင်းပါဘူး။ အထက်တန်းကျောင်းကတည်းက သုံးလာတဲ့ အမျိုးအစားကို ခုထိ သုံးတာက အဆင်မပြေပါဘူး။ ချွေးပေါက်ဂလင်းတွေဟာ အဆိုပါ အနံ့ကို ယဉ်ပါးသွားပါတယ်။ ခန္ဓာကိုယ်က အဆိုပါအနံ့ကို ခုခံလာနိုင်ပါတယ်။

Photos & Source: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ