Beauty & Fashion: စိုစွတ်တဲ့ မျက်လုံးတွေကို ပိုင်ဆိုင်စေဖို့ အလေ့အကျင့် (၄) ခု

သင်သောက်သုံးနေတဲ့ ဆေးဝါးအချို့ကြောင့်လည်း မျက်လုံးခြောက်သွေ့မှု ဖြစ်နိုင်ပါတယ်။

play

 

မျက်လုံးတွေခြောက်သွေ့တာဟာ အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်သလို လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်လုံးတွေ စိုစွတ်နေစေမယ့် အလေ့အကျင့်လေးတွေကို သိထားသင့်ပါတယ်။

၁ - ကွန်ပျူတာ

play

 

တစ်နေကုန် ကွန်ပျူတာရှေ့မှာ ထိုင်ရတာဟာ သင့်မျက်လုံးတွေကို ဒဏ်ဖြစ်စေပါတယ်။ ၂၀-၂၀-၂၀- နည်းကို သုံးသင့်ပါတယ်။ မိနစ် ၂၀ လောက် ကွန်ပျူတာကြည့်ပြီးရင် ပေ ၂၀ အကွာအဝေးလောက်ကို စက္ကန့် ၂၀ လောက် ကြည့်ပေးသင့်ပါတယ်။

၂ - အိုမီဂါ ၃

play

 

ငါးမှာ ပါတဲ့ အိုမီဂါ ၃ ဟာ မျက်လုံးကို များစွာ အထောက်အကူပြုပါတယ်။ ငါးမစားရင် ငါးကြီးဆီ တစ်နေ့တစ်လုံး သောက်ပေးသင့်ပါတယ်။

၃ - မျက်ကပ်မှန်

play

 

မျက်လုံးတွေ ခြောက်သွေ့ရတဲ့ အကြောင်းအရင်းတစ်ခုဟာ မျက်ကပ်မှန် အမြဲတပ်ထားတာကြောင့်လည်း ပါပါတယ်။ နေ့အချိန်မှာ ဝတ်ပြီးရင်တော့ အိမ်ပြန်ရောက်တာနဲ့ ချွတ်ထားသင့်ပါတယ်။

၎ - ဆေးဝါး

play

 

 သင်သောက်သုံးနေတဲ့ ဆေးဝါးအချို့ကြောင့်လည်း မျက်လုံးခြောက်သွေ့မှု ဖြစ်နိုင်ပါတယ်။

Photos & Source: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ