ကိုယ့်ရဲ့ဖိနပ်က အပေါစားကြီးလိုဖြစ်နေတာထက်စာရင် ဈေးအသင့်အတင့်နဲ့ တန်ဖိုးကြီးတဲ့အသွင် ပေါ်နေတာ ပိုမကောင်းဘူးလား။ ပုံတွေမှာ ပြထားတဲ့ ညာဘက်ကဒီဇိုင်းတွေကိုသာ ရွေးချယ်တာ အကောင်းဆုံးပါပဲ။
 

၁။ ခြေဖဝါးနဲ့ကွက်တိ

နည်းနည်းလေး သေးနေတာပဲဖြစ်ဖြစ်၊ မသိမသာလေး ကြီးနေတာပဲဖြစ်ဖြစ် အဲဒီလိုဖိနပ်တွေ မစီးပါနဲ့။ ဘယ်ဖိနပ်ကိုပဲစီးစီး ကိုယ့်ခြေဖဝါးနဲ့ အံဝင်ခွင်ကျဖြစ်နေမှ ကြည့်လို့ကောင်းတာပါ။

 

၂။ ခုံထူထူဒေါက်

ပလက်ဖောင်းဒေါက်လို့ခေါ်တဲ့ ခုံထူထူဒေါက်ဖိနပ်တွေကလည်း တော်ရုံလူနဲ့ သိပ်ပြီးမလိုက်ဖက်ပါဘူး။ အရောင်နဲ့ဒီဇိုင်းကို သေသေချာချာမရွေးမိရင် အပေါစားနဲ့တောင် တူနေပါသေးတယ်။

 

၃။ တိရစ္ဆာန်ကိုယ်ပေါ်ကဒီဇိုင်း

ကျားသစ်ကွက်တွေ၊ မြင်းကျားဒီဇိုင်းတွေကို ထုတ်လုပ်မယ်ဆိုရင် ဈေးကြီးပါတယ်။ တန်ဖိုးကြီးဖိနပ်တွေကသာ သေသေချာချာ သပ်သပ်ရပ်ရပ် ထုတ်လုပ်တာဖြစ်လို့ အရည်အသွေးလည်း ကွာပါတယ်။ ဈေးသက်သာတဲ့ အကွက်အပြောက် အကျားဒီဇိုင်းတွေက အရည်အသွေးညံ့တာ ပေါ်လွင်ပါတယ်။ တကယ်လို့ အဲ့ဒီလိုဒီဇိုင်းတွေမှ ကြိုက်တယ်ဆိုရင်တော့ ကျားသစ်ကွက်ဆိုလည်း အပြည့်မပါဘဲ နည်းနည်းပဲပါတဲ့ ဒီဇိုင်းမျိုးကိုရွေးသင့်ပါတယ်။

 

၄။ Faux Suede

သားရေဖိနပ်တွေကို ကြိုက်ပေမဲ့ ဝယ်ဖို့ ငွေကြေးမလောက်ဘူးဆိုရင် သားရေအတုတွေကိုလည်း ငြင်းပယ်လိုက်ပါ။ သားရေတုတွေက ပလတ်စတစ်တွေလို ပြောင်ပြောင်ကြီးဖြစ်နေရင် အပေါစားနဲ့တူနေပါလိမ့်မယ်။ Faux Suede လို့ခေါ်တဲ့ ချည်အခြေခံအသားနဲ့ချုပ်လုပ်ထားတဲ့ ဖိနပ်တွေက ပိုပြီးထည်ဝါပါတယ်။ ဈေးလည်းမကြီးပါဘူး။

 

၅။ ရှုပ်ယှက်နေတဲ့ကြိုး

ကြိုးသိုင်းဖိနပ်တွေကို ရွေးမယ်ဆို ကြိုးအများကြီးနဲ့ ရှုပ်ယှက်နေတာမျိုးကလည်း သိပ်ကောင်းတဲ့အကြံဉာဏ်မဟုတ်ပါဘူး။ ကြိုးနည်းနည်းနဲ့ ရှင်းတာမျိုးလေးကမှ ပိုပြီးလှတာပါ။

Source : Mail Online

Share

Loading Next Article...
က္က