အသည်းနှလုံးကတော့ မိန်းကလေးတွေ မကြိုက်ဆုံး တက်တူးပုံ ဖြစ်ပါတယ်။
 

GQ မဂ္ဂဇင်းကြီးက တက်တူးနဲ့ပတ်သက်ပြီး မိန်းကလေးတွေကို မေးမြန်းပြီး စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။ အဆိုပါစစ်တမ်းထဲမှာ ယောကျာ်းလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က မိန်ကလေးတွေ အကြိုက်ဆုံးတက်တူးပုံကနေ လုံးဝမကြိုက်တဲ့ ပုံတွေထိ ဖော်ပြထားပါတယ်။

၁ - မီနီမယ်လစ် တက်တူး

အရိုးဆုံး၊ အရှင်းဆုံးပေမဲ့ အဆိုပါရိုးရှင်းမှုက ဆွဲဆောင်မှုရှိနေတဲ့ တက်တူးမျိုးပါ။

 

၂ - နိုင်ငံခြားဘာသာစကား

နိုင်ငံခြားဘာသာနဲ့ ရေးထိုးထားတဲ့စကားလုံးမျိုးက ဒုတိယအနှစ်သက်ဆုံး ဖြစ်ပါတယ်။

၃ - အရိုင်းဆန်တဲ့ တိရိစ္ဆာန်

ခင်္သြေ့၊ ကျားနဲ့ ဝံပုလွေလို ကြမ်းကြုတ်ရက်စက်တဲ့ တိရိစ္ဆာန်ပုံတွေ ဖြစ်ပါတယ်။

 

၄ - ငှက်

ကျောကုန်းတစ်ခုလုံးကို ဖြန့်ထိုးထားတဲ့ ငှက်ပုံအကြီးကြီးမျိုး မဟုတ်ပါဘူး။ သာမန်အရွယ်အစားနဲ့ ဆွဲဆောင်မှုရှိတဲ့ပုံမျိုး ဖြစ်ပါတယ်။

၅ - ကျောက်ဆူး

ကျောက်ဆူးပုံဒီဇိုင်း တက်တူးဟာ ကြာမြင့်နေပြီဖြစ်ပေမဲ့ ကြိုက်နှစ်သက်ကြဆဲပါပဲ။ ပြန်လည်ဆန်းသစ်လာတဲ့ ဒီဇိုင်းတွေကြောင့်လည်း ဖြစ်ပါတယ်။

 

၆ - အရိုးခေါင်း

အရိုးခေါင်းကို မိန်းကလေးတွေ မကြိုက်တတ်ပါဘူး။

၇ - ပန်းပွင့်

သူ့အတွက် ပန်းပွင့်ပုံထိုးမယ့်အစား ပန်းစည်းတစ်စည်းသာ ဝယ်ပေးလိုက်ပါ။

၈ - ဓား

ဓားပုံကတော့ လုံးဝမထိုးသင့်တော့ပါဘူး။

 

၉ - အသည်းနှလုံး

အသည်းနှလုံးကတော့ မိန်းကလေးတွေ မကြိုက်ဆုံး တက်တူးဖြစ်ပါတယ်။

Photos & Source: GQ

Share

Loading Next Article...
က္က