Beauty & Fashion: သင့်မျက်နှာ အသားအရေ ညစ်နွမ်းနေရတဲ့ အကြောင်းအရင်း (၇) ခု

ဆေးလိပ်သောက်တဲ့လူဟာ မသောက်တဲ့လူနဲ့ယှဉ်ရင် မျက်နှာသန့်ပြန့်မှုက ကွာခြားပါတယ်။

play

 

၁ - အိပ်ရေးမဝတာ

အိပ်ရေးမဝခြင်းဟာ မျက်နှာညစ်နွမ်းရုံမက အဆီတွေ ပိုထွက်လာပြီး ဝက်ခြံတွေပါ ပိုပေါက်လာပါတယ်။

၂ - ခေါင်းအုံး

ဒီအချက်ကို လူတော်တောာ်များများ သတိမထားမိတတ်ကြပါဘူး။ ခေါင်းအုံးစွပ်ကို ခဏခဏ လဲပေးသင့်ပါတယ်။ ခေါင်းအုံးစွပ် မသန့်ရှင်းတာဟာ သင့်မျက်နှာမှာပါ မသန့်ရှင်းတော့ပါဘူး။

play

 

၃ - စိတ်ဖိစီးမှု

စိတ်ပိုင်းဆိုင်ရာ အခြေအနေကလည်း သင့်ရုပ်ရည်ကို သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုများတာကည်း သင့်မျက်နှာကို ညစ်နွမ်းစေပါတယ်။

၎ - စားသောက်ပုံစံ

စားသောက်ပုံစံ မျှတမှု မရှိတာကလည်း မျက်နှာညစ်စေပါတယ်။ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင် စားပေးသင့်ပါတယ်။

play

 

၅ - ခေါင်းတိုင်

ဆေးလိပ်သောက်တဲ့လူဟာ မသောက်တဲ့လူနဲ့ယှဉ်ရင် မျက်နှာသန့်ပြန့်မှုက ကွာခြားပါတယ်။ ဆေးလိပ်ကို ခေါင်းတိုင်တစ်ခုလို ဖွာနေတာက သင့်အသားအရေကို အလွန်အမင်းကို ညစ်နွမ်းစေပါတယ်။

၆ - နေရောင်

နေရောင်အောက်မှာ အနေများတာကလည်း သင့်မျက်နှာကို ခြောက်သွေ့စေပါတယ်။

၇ - ရောဂါ

ဝမ်းမမှန်တာ၊ ရောဂါတစ်ခုခုရှိတာတွေကလည်း သင့်အသားအရေကို ခြောက်သွေ့ညစ်နွမ်းသွားစေပါတယ်။

Photos & Source: GQ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ