၁ - ချုပ်ပုံ
ကိုယ်တိုင်းနဲ့ မချုပ်နိုင်ရင်တောင် အတတ်နိုင်ဆုံးပုံကျတာကို ဝတ်ပါ။ ပွယောင်းနေတာ၊ ဘောင်းဘီခြေထောက်ရှည်နေတာ စတာတွေဟာ သင့်ရဲ့ အရပ်အမောင်းကို မီးမောင်းထိုးပြသလိုဖြစ်နေပါတယ်။
၂ - ဒီဇိုင်း
အကျႌဒီဇိုင်းရွေးတဲ့အခါ ဒေါင်လိုက်စင်းမျိုးကောင်ပေးမဲ့ အစင်းကြောင်းတွေက ကျဲနေရင် အဆင်မပြေပါဘူး။
၃ - ရှူးဖိနပ်
ခုံမြင့်တဲ့ ရှူးဖိနပ်ကို စီးပါ။
၄ - ကော်လံ
ကော်လံကြီးတာကို ရှောင်ပါ။ ကြည့်တဲ့လူဟာ ကော်လံမှာရပ်သွားပြီး ပုတဲ့လူဖြစ်ကြောင်း သတိထားမိသွားစေပါတယ်။
၅ - မလိုအပ်တာရှောင်
အကျႌမှာ မလိုအပ်တဲ့အဆင်တန်ဆာ ဘာတစ်ခုမှ မထားပါနဲ့။ ဖြစ်နိုင်ရင် အကျႌအိပ်ကပ်မပါတာက ပိုကောင်းပါတယ်။
၆ - အရောင်
အထက်အောက် အရောင်သိပ်မကွာတာမျိုးဝတ်တာကလည်း သင့်ကို ပိုအရပ်ရှည်တယ်လို့ ထင်ရပါတယ်။
Photos & Source: Men Health