Beauty & Fashion: မျက်နှာအဆီပြန်မှုကို တစ်ညတည်းနဲ့ လျော့ပါးစေမယ့်နည်း

အချိန်မကုန် ငွေမကုန်ဘဲ တကယ်ထိရောက်တဲ့နည်းကို ပြောပြပါ့မယ်။

play

 

နေ့စဉ် သွားလာလှုပ်ရှားနေရတဲ့အခါ လေထုနဲ့ ဖုန်မှုန့်တွေက မျက်နှာကို ကပ်ငြိပြီး အဆီပြန်မှုကို ဖြစ်စေပါတယ်။ ဒါ့ပြင် အဆီများတဲ့ အစားအစာတွေကလည်း မျက်နှာအသားအရေကို အဆီပြန်စေနိုင်ပါသေးတယ်။ အဆီပြန်ခြင်း ကင်းဝေးတဲ့ မျက်နှာလေးရရှိဖို့ ညဘက်မှာ ပေါင်းတင်ကြည့်ရအောင်လေ။

play

 

လိုအပ်တဲ့ပစ္စည်းတွေကတော့ နနွင်းမှုန့် (ဆနွင်းမှုန့်) လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့ ရှားဇောင်းလက်ပပ်အနှစ် လက်ဖက်စားဇွန်း ၂ ဇွန်းတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ခွက်တစ်ခုထဲမှာ သမသွားအောင် မွှေပေးရပါမယ်။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးထားပါ။

play

 

နာရီဝက်လောက် ကြာရင်တော့ ရေဆေးပြီး မျက်နှာသစ်လိုက်လို့ရပါပြီ။ နနွင်းက အဆီပြန်မှုကို လျော့ပါးစေပြီး ရှားဇောင်းက မျက်နှာအသားအရေကို စိုပြေစေပါတယ်။ နောက်နေ့မနက်မှာတော့ အဆီပြန်ခြင်းကင်းပြီး ဝင်းပစိုပြေတဲ့မျက်နှာလေးကို ရရှိပြီပေါ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ