Beauty & Fashion: ကျောက်တောင်စွန်းထိပ်ဖျားက ရင်သပ်ရှုမောစရာ အလှဓာတ်ပုံ

ကြည့်ရသူအဖို့မှာတော့ အသည်းအေးသွားရပါတယ်။

play

 

ခရစ္စတီးနား မာရီ ဖောလ်ကစ်ဝဲ့လ်လိုမျိုး သတ္တိကောင်းတဲ့ မော်ဒယ်မျိုးက ရှားပါတယ်။ သူမဟာ မြင့်မားတဲ့ ကျောက်တောင်ရဲ့ အစွန်းကိုတက်ကာ အလှဓာတ်ပုံရိုက်ခဲ့တာပါ။

play

 

အမေရိကန်ပြည်ထောင်စု၊ နယူးဟမ့်ပ်ရှိုင်းယားက The Eaglet ကျောက်တောင်ဟာ မတ်စောက်မြင့်မားပါတယ်။ ဓာတ်ပုံရိုက်နိုင်ဖို့အတွက် နှစ်ရက်တောင် ပြင်ဆင်ခဲ့ရတယ်လို့ ဓာတ်ပုံဆရာ ဂျေး ဖီးလ်ဘရစ်က ပြောပါတယ်။

play

 

ခရမ်းရောင် ဂါဝန်ကြီးကို လွင့်နေအောင် ဖြန့်ကျက်ထားပုံက ရင်သပ်ရှုမောဖွယ်ရာပါပဲ။ လှပတဲ့ နောက်ခံရှုခင်းနဲ့အတူ မော်ဒယ်ရဲ့ကိုယ်နေဟန်ထားကလည်း ပြီးပြည့်စုံလွန်းပေမဲ့ ကြည့်ရသူအဖို့မှာတော့ အသည်းအေးသွားရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ