အခြားသူတွေထက် ပိုပြီးဆန်းပြားနေမှာဖြစ်သလို ဘဝရဲ့အရေးပါဆုံးနေ့ရက်လေးက ပိုပြီးလှပသွားပါလိမ့်မယ်။
 

ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ရာသီကို ရောက်လာတာနဲ့အမျှ လက်ထပ်ကြတဲ့ စုံတွဲတွေလည်း အလျှိုလျှို ပေါက်လာကြပါပြီ။ တစ်သက်မှာ တစ်ခါပဲ ကျင်းပရမယ့် မင်္ဂလာပွဲမို့ ထူးကဲချင်တာလည်း သဘာဝပါပဲ။ ကိုယ့်ရဲ့မင်္ဂလာပွဲကို သူများထက်ပိုပြီး ကောင်းအောင် နည်းပညာပစ္စည်း Gadget တွေရဲ့ အကူအညီကို ရယူလိုက်ရအောင်ပါ။

1. Drones.jpg 

Drone

အမှတ်တရ ပုံရိပ်တွေကို ဓာတ်ပုံရိုက်ထားဖို့ဆိုရင် ဒရုန်းတွေကို သုံးကြည့်ပါ။ ဓာတ်ပုံဆရာ မရောက်နိုင်တဲ့ ရှုထောင့်ပေါင်းစုံက ဒရုန်းက လှည့်လည်ရိုက်ကူးပေးမှာဖြစ်လို့ မင်္ဂလာပွဲတစ်ခုလုံးကို အမိအရ မှတ်တမ်းထားနိုင်မှာဖြစ်ပါတယ်။

 

LED သတို့သမီးဂါဝန်

ဒီဂါဝန်မျိုးကို ဟောလိဝုဒ်ဆယ်လီတွေ စတင်ဝတ်နေကြတာပါ။ ညဘက်ပွဲလမ်းသဘင်တွေမှာ ဝတ်ဆင်ထားတဲ့အခါ ပုံပြင်ထဲက မင်းသမီးလေးလိုမျိုး လင်းလက်တောက်ပနေစေပါလိမ့်မယ်။ ပွဲကိုရောက်လာကြတဲ့ ဧည့်သည်တွေကလည်း သတို့သမီးလေးရဲ့အလှကို ပိုပြီးအာရုံစိုက်လာကြမှာ အသေအချာပါပဲ။

 

မီးအလှဆင် မင်္ဂလာကိတ်

ကိတ်ရဲ့ ဒီဇိုင်းပိုင်းကို ခပ်ရိုးရိုး ပြန်ပြောင်းပြီး ကိတ်မျက်နှာပြင်ပေါ်မှာ Projector မီးရောင်တွေနဲ့ အလှဆင်တဲ့ နည်းပညာမျိုး ခေတ်စားလာပါတယ်။ မင်္ဂလာကိတ်ရဲ့ အရပ်မျက်နှာ အသီးသီးကနေ ဆလိုက်ထိုးပြီး မီးအလင်းရောင်နဲ့ ဒီဇိုင်းပုံဖော်တာမျိုးပါ။ မီးရောင်တွေကို အမျိုးမျိုး ပြောင်းလဲ ကစားနိုင်တာကြောင့် ကိတ်ရဲ့ အသွင်အပြင်က ပုံသေကြီး ဖြစ်မနေတော့ပါဘူး။ ကိတ်သားပေါ်မှာ သတို့သား၊ သတို့သမီးနာမည် ပေါ်လာလိုက်၊ တခြား မီးအလှ ဒီဇိုင်းလေးတွေ ပြောင်းသွားလိုက် ဖြစ်နေအောင် ချိန်ညှိထားလို့ ရပါတယ်။

Source : 7Day Daily

Share

Loading Next Article...
က္က