Beauty & Fashion: ခန္ဓာကိုယ်ပေါ်မှာ ရေမွှေးဆွတ်ဖို့ အကောင်းဆုံးနေရာများ

ရေမွှေးကို လက်ကောက်ဝတ်မှာဆွတ်ပြီးရင် မပွတ်သင့်ပါဘူး။

play

 

တန်ဖိုးကြီးရေမွှေးတွေကို ခန္ဓာကိုယ်ပေါ်မှာ ဆွတ်ဖြန်းတဲ့အခါ မှန်ကန်တဲ့နေရာကို ဆွတ်ပေးဖို့လိုပါတယ်။ ကိုယ်ဆွတ်တဲ့နေရာက မှားနေရင် အနံ့လည်း မစွဲသလို ထင်သလောက် မမွှေးဘူးလို့လည်း ခံစားမိမှာပါ။

play

 

ရေမွှေးဆွတ်ဖို့ အကောင်းဆုံးနေရာတွေကတော့ ကုပ်ပိုး၊ လည်ပင်း၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်အတွင်းပိုင်းနဲ့ ဒူးနောက်ဘက် (တံခေါက်ကွေး)နေရာတွေပဲ ဖြစ်ပါတယ်။ ဒီနေရာတွေမှာဆွတ်ရင် ရေမွှေးနံ့ ပျံ့လွင့်မှုအား ပိုကောင်းသလို ရနံ့လည်းပိုစွဲမြဲစေပါတယ်။

play

 

Body Lotion လိုမျိုး အစိုဓာတ်ဖြည့်ပေးတဲ့ ခရင်မ်တစ်ခုခု လိမ်းပြီးမှ အသားပေါ်ကို ရေမွှေးဆွတ်ဖြန်းမယ်ဆို အကောင်းဆုံးရလဒ်ကို ရရှိမှာဖြစ်လိမ့်မယ်။

Source : Huff Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ