ညအချိန် အဆီလောင်ကျွမ်းမှုကိုတော့ သက်ရောက်မှုရှိတာလည်း ဖြစ်ပါတယ်။
 

ညစာကို စောစောစားခြင်းဟာ ဝိတ်ကျခြင်းကို အထောက်အကူပြုပြီး စောစောစားလေ ကောင်းလေပဲ ဖြစ်ပါတယ်။ သုတေသနတစ်ခုအရ ညစာကို စောစောစားခြင်း ဒါမှမဟုတ် မစားဘဲနေခြင်းဟာ အဆီနဲ့ကာဗွန်ဟိုက်ဒရိတ် လောင်ကျွမ်းမှုပုံစံကို ပြောင်းလဲစေပြီး ဝိတ်ချရာမှာ အကူအညီဖြစ်ပါတယ်။

 

သုတေသနကို အမေရိကန်နိုင်ငံ လူစီယားနားပြည်နယ် Pennington ဇီဝဆေးပညာဆိုင်ရာ သုတေသနဌာနမှ ကော့တနေ ပီတာဆင်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အကောင်းဆုံးဟာ နေ့လယ်နှစ်နာရီလောက်မှာ စားထားပြီး နောက်တစ်နေ့မနက်ပြန်ရောက်မှ စားတာဖြစ်တယ်လို့ ဆိုပါတယ်။

၁၈ နာရီကြာ မစားတဲ့ အဆိုပါနည်းဟာ အစာစားချင်စိတ် အဆင့်တွေကို ပိုမိုချောမွေ့စွာ ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုစောစော စားခြင်းဟာ ကယ်လီုရီလောင်ကျွမ်းမှုကို သက်ရောက်မှု မရှိပေမဲ့ ညအချိန် အဆီလောင်ကျွမ်းမှုကိုတော့ သက်ရောက်မှုရှိတာလည်း ဖြစ်ပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က