ဒါတင်မက ဆံပင်ကိုပါ ကျန်းမာသန်စွမ်းပြီး ထူထဲစေပါတယ်။

ဗောက်ထခြင်းဆိုတာ ဦးရေပြားမှာ မှိုတစ်မျိုးစွဲကပ်တာပါ။ ဗောက်ကြောင့် အရေပြားယားယံမှုကိုဖြစ်စေပြီး ကိုယ့်ရဲ့အလှကို ပျက်စေတာ အမှန်ပါပဲ။ သဘာဝနည်းနဲ့ ဗောက်ကိုရှင်းထုတ်ချင်ရင်တော့ တမာရွက်ကို ရွေးကြည့်ရအောင်ပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ တမာရွက် အရွက် ၄၀ နဲ့ ရေ ၁ လီတာ (ရေသန့်ဘူးတစ်ဘူး)ပါပဲ။ ရေကို ဆူအောင်တည်ပါ။ ရေနွေးဆူလာရင် မီးပိတ်ပြီး တမာရွက်တွေ ထည့်လိုက်ပါ။ တစ်ညသိပ်ထားရပါမယ်။

 

နောက်နေ့မှာတော့ တမာရွက်စိမ်ထားတဲ့ရေနဲ့ ခေါင်းကိုဆေးချပေးရမှာဖြစ်ပါတယ်။ ယားယံတာနဲ့ ဗောက်ထတာတွေ ချက်ချင်းဆိုသလိုပဲ လျော့ကျသွားမှာပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ပုံမှန်လုပ်ပေးရင်တော့ သိပ်မကြာခင်မှာပဲ ခေါင်းပေါ်ကဗောက်တွေ ပျောက်သွာားပါလိမ့်မယ်။

Share

Loading Next Article...
က္က