၁ - မစားခြင်း
ခန္ဓာကိုယ်ပုံမှန်လည်ပတ်ဖို့အတွက် လုံလောက်တဲ့ ပမာဏတော့ စားရမှာ ဖြစ်ပါတယ်။ ဝိတ်ချနေတဲ့အချိန်မှာ တစ်နေလုံးနွမ်းနယ် ပင်ပန်းတာမျိုး ဖြစ်တယ်၊ ဖျားချင်သလို ဖြစ်တယ်ဆိုရင် အစာကို ပုံမှန်အတိုင်း ပြန်စားသင့်ပါတယ်။
၂ - ကယ်လိုရီ
လျှော့စားတယ်ဆိုပေမဲ့ တကယ်စားတဲ့အခါမှာ ကယ်လိုရီများတာတွေကိုပဲ ရွေးစားနေတာမျိုး ဖြစ်ပါတယ်။ အသီးအရွက်၊ အသားငါး မျှတအောင် စားပေးသင့်ပါတယ်။
၃ - ကျန်းမာရေး
သင့်ကျန်းမာရေးကို ဂရုမပြုဘဲ လေ့ကျင့်ခန်းတွေ အတင်းလုပ်တာ၊ အစားတွေ လျှော့စားတာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ သင်ဝိတ်ကျဖို့ နှေးကွေးရုံသာမကဘဲ နောက်တစ်ခါ ဝိတ်ချဖို့ပါ ခက်ခဲသွားစေပါတယ်။
၄ - အစစ်အမှန်
သင့်ခန္ဓာကိုယ်က အဝလွန်တာ မဟုတ်ဘဲ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ကြည့်ကောင်းပေမဲ့ ပိန်ချင်နေတာ ဖြစ်ပါတယ်။ မျိုးရိုးလိုက်တဲ့ ခန္ဓာကိုယ်ပုံစံက တောင့်တောင့်တင်းတင်း ဖြစ်ပေမဲ့ ဒါကို သင်က လက်မခံနိုင်တာဖြစ်ပါတယ်။
Photos & Source: Lifehack