ကိုယ်အလေးချိန် တစ်ဝက်အထိ ချနိုင်ခဲ့ပါတယ်။
 

ကိုယ်အလေးချိန် ၂၇၄ ပေါင်အထိ ရှိခဲ့တဲ့ မိခင်တစ်ဦးဟာ သူ့ရဲ့ခန္ဓာကိုယ်ဝဖြိုးမှုအပေါ် အနိုင်ကျင့်စော်ကားတဲ့ ချစ်သူကို လမ်းခွဲလိုက်ပြီးနောက် မခံချင်စိတ်နဲ့ ဝိတ်ချခဲ့ရာမှတစ်ဆင့် အချစ်သစ်ကိုပါ ရှာတွေ့သွားခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားမှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အယ်လ်ဗီနာရိန်းဟာ ၂၀၀၉ ခုနှစ်လောက်တုန်းက အတော်လေးဝဖြိုးသူဖြစ်ခဲ့ပါတယ်။ ဝနေတဲ့ သူမရဲ့ခန္ဓာကိုယ်ကြောင့် အရင်ချစ်သူဟောင်းရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပြီး " အသုံးမကျတဲ့ အမှိုက်ပုံးကြီး၊ နင့်ကို ဘယ်သူမှ မလိုချင်ဘူး" လို့ အပြောခံခဲ့ရဖူးပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မခံချင်စိတ်ကြောင့် ကျန်းမာရေးအတွက် ထိခိုက်လာတဲ့ အစားအသောက်တွေနဲ့ ချစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

 

တစ်နေ့ကို အသင့်စား အစာအသောက်တွေများစွာစားတဲ့ အလေ့အကျင့်အပြင်၊  အချိုဓာတ်ပါတဲ့ အရာတွေကိုပါ မစားတော့ဖို့ သူမဆုံးဖြတ်လိုက်ပါတယ်။ အခု ငါးနှစ်လောက်ကြာတဲ့အခါမှာတော့ သူမလိုချင်တဲ့ ခန္ဓာကိုယ်အတိုင်းတာ အထိရရှိခဲ့ပြီး ကိုယ်အလေးချိန် တစ်ဝက်တိတိ လျှော့ချနိုင်ခဲ့တာပါ။

 

ပြန်လည်လှပလာတဲ့သူမဟာ ဆက်ရှာဆိုသူ အမျိုးသားနဲ့တွေ့ဆုံခဲ့ပြီး သာယာတဲ့အိမ်ထောင်တစ်ခုကိုပါ ထူထောင်နိုင်ခဲ့ပါတယ်။ သူမကိုယ်အလေးချိန် ကျသွားတဲ့အချိန်မှာ ချစ်သူဟောင်းရဲ့ မိခင်နဲ့တွေ့ဆုံခဲ့ပြီး အရမ်းကိုအံ့သြနေခဲ့တာလို့ ရိန်းက ပြန်ပြောပြပါတယ်။

Source : The Sun

Share

Loading Next Article...
က္က