အသက်ကြီးလာပြီဆိုပြီး စိတ်ညစ်စရာမလိုပါဘူး။
 

ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာပြီဆိုပြီး စိတ်ဓာတ်ကျမနေပါနဲ့။ အမြဲတမ်း နုပျိုလှပနေစေဖို့ ဒီအချက်တွေကိုသာ လိုက်နာဖို့ လိုပါတယ်။

၁။ မတ်မတ်ထိုင်ပါ

 

ကိုယ်နေဟန်ထား မှန်မှန်နဲ့ ထိုင်တတ်သူတွေဟာ ပိုပြီး ငယ်ရွယ်၊ ယုံကြည်မှုရှိပြီး ပျော်ရွှင်နေတယ်လို့ ထင်ရပါတယ်။ မတ်မတ်ထိုင်ခြင်းအားဖြင့် လည်ပင်အကြောတွေ ပြေလျော့ပြီး ခေါင်းကိုက်စေတဲ့ အကြောတွေကိုလည်း လျော့စေပါတယ်။

၂။ မျက်ခုံးတွေကို အားဖြည့်ပါ

မျက်ခုံးတွေက ပါးပြီး အရောင်ဖျော့နေရင် ကိုယ့်ရဲ့မျက်နှာကိုလည်း မှေးမှိန်စေပြီး ငယ်ရွယ်တဲ့သူတွေကိုတောင် အိုမင်းနေသလို ထင်ရစေပါတယ်။ ဒါပေမဲ့ မျက်ခုံးမွေးဆွဲတဲ့အခါမှာတော့ သဘာဝကျကျ ဖြစ်အောင် ဆွဲဖို့တော့ လိုပါတယ်။

၃။ Hightlight တွေ ထည့်ပေးပါ

မျက်နှာမှာ အရောင်တွေက သင့်လျော်သလို ပေါင်းစပ်နေဖို့လိုပါတယ်။ ဒါမှသာ အသားအရေလည်း ပိုပြီး တောက်ပလာမှာပါ။

၄။ ဘရာအသစ်ဝယ်ပါ

 

အပြင်သွားတဲ့အခါ ရုံးသွားတဲ့အခါ ရုံရွဲ့နေတဲ့ ဘရာတွေကို မဝတ်ပါနဲ့။ ရင်ဘတ်ကြီး ရှုံ့တွနေရင်၊ ဘက်မညီသလို ဖြစ်နေရင်၊ ပြားကပ်နေရင် ဘယ်လိုမှ ကြည့်မကောင်းပါဘူး။ မိန်းမငယ်တစ်ယောက်ရဲ့ရင်သားဟာ ပခုံးနဲ့ တံတောင်ဆစ်ကြားမှာ ရှိနေဖို့လိုပါတယ်။

၅။ လက်သည်းအရောင်ဆိုးပါ

 

လက်တွေဟာ အသက်အရွယ်ကို ဖော်ပြနိုင်ဆုံးအရာတွေပါပဲ။ ဒါပေမဲ့ လက်တွေရဲ့အိုမင်းရင့်ရော်မှုကို ဖုန်းကွယ်နိုင်ဖို့အတွက် နည်းလမ်းတွေရှိပါတယ်။ လက်သည်းဆိုးဆေးဆိုးခြင်း ဒါမှမဟုတ် လက်စွပ်တွေ ဝတ်ဆင်ခြင်းဟာ လက်တွေရဲ့အိုမင်းရင့်ရော်မှုကို လူတွေ သတိမထားမိအောင် ပြုလုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၆။ ဆေးလိပ်မသောက်ပါနဲ့

 

ဆေးလိပ်ဟာ အိုမင်းရင့်ရော်စေတဲ့ အဓိကအချက်တစ်ခုဖြစ်ပါတယ်။

၇။ သွားတွေကို အရောင်တောက်ပအောင် လုပ်ပါ

ပြုံးလိုက်တဲ့အခါ ဖြူဖွေးတဲ့သွားတန်းလေး ပေါ်နေတာက ပိုမိုနုပျိုစေပါတယ်။

Source & Photos : Online

Share

Loading Next Article...
က္က